မိုးကောင်း၊ နိုဝင်ဘာ ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မွေးစမှအသက် ၂နှစ်အောက် ကလေးများအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ယနေ့ နေ့လယ် ၁ နာရီတွင် ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အသက် မွေးစ၊ ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ၊ ၁နှစ်ခွဲ နှင့် အသက် ၂ နှစ်ကလေးများကို ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်( ပီစီဗီ )၊ ဆုံဆို့-ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါဘီ၊ ဦးဏှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)များ ထိုးနှံပေးခြင်း ဖြစ် ကြောင်းသိရသည်။
ဆေးထိုးချိန်ကို နေ့လယ် ၁ နာရီမှ ၃ နာရီထိ ထိုးနှံပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့တွင် နတ်ကြီး ကုန်း၊ အရှေ့ရပ်ကွက်၊ အလယ်ရပ်ကွက်နှင့်နန့်ရင်းရပ်ကွက်တို့အား ထိုးနှံပေးခဲ့၍ ယနေ့တွင် နောင်ကိုင်တော်၊ မြို့ဦးနှင့် ဈေးကုန်းရပ်ကွက်တို့ကို ထိုနှံပြီး နိုဝင်ဘာ ၈ ရက်နေ့တွင် ကျွန်းတော ရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အိုးတန်းရပ်ကွက်တို့အား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရ သည်။
သတင်း - သန်းလွင်ဦး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment