ဘီးလင်းမြို့နယ်၌ ခေါင်းဆောင်မှုဆိုင်ရာနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်၌ ခေါင်းဆောင်မှုဆိုင်ရာနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဖွင့်လှစ်


ဘီးလင်း၊ နိုဝင်ဘာ  ၂၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး    ဦးစီးဌာနသည်    ခေါင်းဆောင်မှုဆိုင်ရာ  အသိပညာပေး ခြင်းနှင့်    အစိမ်း ရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဆောင်ရမည့် နည်းလမ်းများအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပ်ရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ဦးစီးမှူး  ဦးမင်းထောစံက ကျေးရွာအဆင့် ခေါင်းဆောင်မှုဆိုင်ရာ ရည်ရွယ်ချက်များနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး   ကျေးရွာစီမံကိန်း   တာဝန်ခံဝန်ထမ်းများက ခေါင်း ဆောင်မှုဆိုင်ရာ   အသိပညာပေးမှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမည့်နည်းလမ်းများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ ကြောင်းသိရသည်။

အဆိုပါ သင်တန်းသို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမးရောကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာ ၁၃ ရွာမှ သင်တန်းသား၊ သင်တန်းသူ ၁၄ ဦးတို့ တက်ရောက်ကြပြီး ယခုဖွင့်လှစ်သည့်သင်တန်းမှာ ဒုတိယအကြိမ်ဖွင့်လှစ်ပိုချ ပေးသည့်သင်တန်းဖြစ် ကြောင်းသိရသည်။

သတင်း - ထူးနောင် (ပြန်/ဆက်)                                                                              

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)