ပင်လောင်း၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက်၁၈ နှစ်မှ အသက်၆၅ နှစ်ကြား ပြည်သူ များ အားဦးစားပေးအုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု အ.ထ.က(ဆောင်းပြောင်း)ကျောင်းတွင် ဆက်လက်ထိုးနှံ ပေးခဲ့ ကြောင်းသိရသည်။
ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံမှုမှာ ပင်လောင်းမြို့နယ်အတွက် ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးသူ ၁၅၅၇၂ ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ယမန်နေ့ကဒုတိယအကြိမ် သတ်မှတ်ဆေးထိုးရက်ပြည့်သောကျန်ရှိသူများအား စာရင်းများ စနစ်တကျကောက်ယူ၍ ထိုးနှံပေးခြင်းဖြစ်ပြီး ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု အ.ထ.က(ဆောင်းပြောင်း)ကျောင်းတွင် ပြည်သူ ၈၄၀ ဦးအား ထပ်မံထိုးနှံပေးခြင်း ဖြစ်သည်။ နိုဝင်ဘာ ၉ ရက်အထိကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသောပြည်သူ ၁၀၉၉၄ ဦး ကိုလည်းထိုးနှံပေးခဲ့ပြီးဖြစ်ရာ ပြည်သူစုစုပေါင်း ၁၁၈၃၄ဦး ထိုးနှံပြီးဖြစ်သည်။ မြို့နယ် အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ သတ်မှတ်အုပ်စုများတွင် ပါဝင်သော ဆေးထိုး ရန်ကျန်ရှိနေသူများအား သတ်မှတ်ဆေးထိုးစုရပ်များဖြစ်သည့် ပင်လောင်းမြို့ ဆိုင်ကလုန်း ရှက်တာ ခန်းမ၊အထက(၂) ကျောင်းခန်းမ၊ နောင်တရားမြို့ အ.ထ.က၊ တီကျစ်မြို့ အ.ထ.က၊ ဆောင်းပြောင်း အ.ထ.က နှင့်ပေါင်းလောင်းမြို့ တလိုင်းမ အ.ထ.က၊လုံးကဲ(အ.မ.က) ကျောင်း တို့တွင် သတ်မှတ်ရက်များအလိုက် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။
သတင်း - ထွန်းလင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment