ဝေါလေမြိုင်၊ နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဝေါလေမြိုင်မြို့ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဝေါလေမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီမှ ဦးဆောင်ပြီး တပ်မတော် ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတော်မှ ချမှတ်ထားသည့် လုပ်ငန်းစဉ် သတ်မှတ်စည်းကမ်းများနှင့် အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သံဃာတော် ၂ ပါး၊ နိုင်ငံ့ဝန်ထမ်း ၄ ဦးနှင့် ဒေသခံ ပြည်သူ ၁၂၄ ဦး၊ စုစုပေါင်း ၁၃၀ ဦးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကို လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုင်မျိုးသင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment