ကျိုင်းတုံပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင်စက်ရုံတွင် ကူညီဆောင်ရွက်ပေးသူများအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင်စက်ရုံတွင် ကူညီဆောင်ရွက်ပေးသူများအား ထောက်ပံ့ငွေများပေးအပ်




ကျိုင်းတုံ၊ နိုဝင်ဘာ    ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုရှိ အောက်ဆီဂျင်စက်ရုံတွင် ကူညီ ဆောင်ရွက်ပေးသူများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က အဆိုပါ စက်ရုံ၌ သွား ရောက် ထောက်ပံ့ပေးခဲ့သည်။

ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ်ချက်အား အထောက်အကူဖြစ်စေရေ ထုတ်လုပ်ဖြန့်ဖြူပေးရာတွင်  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများ အား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများက ငွေကျပ် ၈ သိန်း ထောက်ပံ့ပေးအပ်ပြီး အောက်ဆီဂျင်စက် ထုတ်လုပ်လည်ပတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အလှူရှင်းများ ပါဝင်လှူဒါန်းမှုဖြင့် ဝယ်ယူတည်ဆောက်ကာ ကိုဗစ်-၁၉ ကာလဒေသအတွင်း အောက်ဆီဂျင် လိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)