တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှဘုရားဖူးလာရောက်သူ ၈၀၀၀ ဦးခန့်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှဘုရားဖူးလာရောက်သူ ၈၀၀၀ ဦးခန့်ရှိ

 




ညောင်ဦး၊ နိုဝင်ဘာ   ၁၉

တန်ဆောင်တိုင်ရုံးပိတ်ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံ-ညောင်ဦးရှေး ဟောင်းယဉ် ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေရှိ သမိုင်းအထင်ကရဘုရားများတွင် ဘုရားဖူးလာရောက်သူ ၈၀၀၀ ဦး ခန့်လာရောက်ဖူး မြော်ကြကြောင်း လောကနန္ဒာစွယ်တော်စေတီ ဂေါပကအဖွဲ့ ဦးထင် လင်းဦး ထံကသိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တန်ဆောင် တိုင်ရုံးပိတ်ရက် ဘုရားဖူးလာရောက်သူများပြားနေပြီး ရွှေစည်းခုံဘုရားကြီး သို့ဘုရားဖူး လာရောက်သူများ စိတ်အေးချမ်းသာစွာဘုရားဖူးမြော်နိုင်ရန် သာမန်ရက်များတွင် နံနက် ၆နာရီမှ ညနေ ၆ နာရီ အထိသာဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးများတွင် နံနက် ၅နာရီမှ ည ၈နာရီ အထိဖွင့်လှစ်ဖူးမြော်စေလျှက်ရှိရာ နိုဝင်ဘာ ၁၈ရက်တွင်လည်း နံနက် ၅နာရီမှ ည ၈နာရီအထိ ဖွင့်လှစ်ဖူးမြော်စေလျက်ရှိကြောင်းသိရသည် ။ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားလျှက်ရှိပြီး ဂေါပကဥက္ကဋ္ဌ ထားရှိသည့် ဘုရားများဖြစ်သော တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ် စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ငှက်ပစ်တောင်ဘုရား၊ဗူးဘုရား၊ အာနန္ဒာဘုရား၊သဗ္ဗညု ဘုရား၊ ကန်တော့ပလ္လင်ဘုရား၊မနုဟာဘုရား၊ရွှေဆံတော်ဘုရား၊အလိုတော်ပြည့်ဘုရား၊ဓမ္မရံကြီး ဘုရား၊ စူဠာမဏိဘုရား၊ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလို     ဘုရား၊မြစေတီဘုရားများတွင် ဘုရားဖူးများစည်းကားနေပြီး၊ သမိုင်းဝင်ဘုရားများ ဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်း ဘုရား၊ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ရင်မနားဘုရားဝင်း၊သိကြား ပုန်းဘုရား၊ သိကြား ဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူဘုရားသုံးဆူ၊တရုတ် ပြေးဘုရားခေါ်နရသီဟ ပတေ့ဘုရား၊ သံမ္ဘူလဘုရား၊သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော် ဘုရား၊မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘု ရား၊ခြောက်ဘုရားလှ ဘုရား များတွင်လည်း မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်သူများက ရှေးဟောင်း နံရံဆေးရေး ပန်းချီများ၊ကနုတ်ပန်း၊ကျောက်ဆစ်ပန်း၊အင်္ဂတေများ အား စိတ်ဝင်တစားလေ့လာမှုများပြားလာ ခဲ့ကြောင်းသိရပြီး တန်ဆောင်တိုင်ရုံးပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ ၆၀၀၀ဦးကျော် လာရောက်ခဲ့ကြောင်း၊ ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ဆူတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ဖူးမြော်စေ ကြောင်းသိရကာ တန်ဆောင် မုန်းလပြည့်နေ့ တွင်လည်းဘုရားဖူးလာရောက်သူ ၈၀၀၀ ဦး ခန့်ရှိကြောင်းသိရသည်။

သတင်း - ကိုထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)