လှိုင်းဘွဲ၊ နိုဝင်ဘာလ ၁၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာဖွဲ့(အခြေချ)လှိုင်းဘွဲနှင့်ကွပ်ကဲမှုအောက် တပ်ရင်း များမှ အရာရှိ၊အရာခံ၊အကြပ်၊တပ်သား၊မိသားစုများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များတွင် ရဟန်း/သံဃာများအတွက် ဆွမ်းဆန်၊ဆီ၊လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့က မဟာသုမေဓာရာမတောရကျောင်း၌ နေ့ဆွမ်း၊ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါဆက်ကပ်ရာတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ )လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက မဟာသုမေဓာရာမတောရ ကျောင်း ကျောင်းထိုင်ဆရာတော် ဥူးပညာသာမိအား ဖူးမျှော်ကြည်ညိုကာ ရဟန်း/သံဃာများ ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်၊ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သတင်း - စောဒိ(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment