တံတားဦး၊ နိုဝင်ဘာ ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ပညာသင် ကြားလျက်ရှိသော အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယ အကြမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီက အ.ထ.က တံတားဦးကျောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပြီး ကာကွယ်ဆေးထိုးနှံရန်(၄)နေရာခွဲ၍ ဆောင်ရွက်ထားကြောင်း ယခုကဲ့သို့ ကာကွယ်ဆေး ထိုးနှံခြင်းအားဖြင့် ဆေးထိုးပြီးကလေးများအနေဖြင့် ရောဂါကို စိုးရွံ့မှုမရှိဘဲ ပညာသင်ကြားနိုင်ပြီး၊ ကလေးများ အချင်းချင်းကြားတွင် ရောဂါဖြစ်ပွားမှုကို ဟန့်တားကာကွယ်ထိန်းချုပ်နိုင်ပြီး စာသင်ကျောင်းမှ တစ်ဆင့် ပြည်သူ များသို့ ရောဂါကူးစက်ပျံ့နှံ့မှုကိုလည်း ကာကွယ်နိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် လွှမ်းခြုံအပ်သော အနာဂါတ်ပန်းခင်းများ ဆီသို့ဟူသော ရည်ရွယ်ချက်ဖြင့်၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။
တံတားဦးမြို့နယ်၌ ယနေ့တွင် အခြေခံပညာကျောင်း(၅၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း(၂၁၆၄) ဦးအား ကာကွယ် ဆေးထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည် ။
သတင္း - ရဲတင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment