မလှိုင်၊ နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်တွင် စတုတ္ထအသုတ်( ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ကိုဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့ပေါ်ရှိ အမှတ်(၁ )၊ အမှတ်(၂) ၊အမှတ်(၃) ၊အမှတ်(၄)ရပ်ကွက် နှင့် လက်စွေ့ကျေးရွာရှိ စုရပ်နေရာအသီးသီး၌ ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆေးထိုးစုရပ်အဖြစ် မြို့ပေါ် ရပ်ကွက်(၄)ခု အတွက် အ.ထ.က (မလှိုင်) ၊ လက်စွေ့ကျေးရွာ အုပ်စုတွင် အ.ထ.က လက်စွေ့ တို့၌ ဦးတည်အုပ်စု (၂၃) အုပ်စုတွင် ပါဝင်သူများကို Sinopharm အမျိုးစား ကာကွယ်ဆေး များထိုးနှံ ပေး လျှက် ရှိရာ အဆိုပါနေ့က ကာကွယ်ဆေး လာရောက်ထိုးနှံသူ(၉၄ဝ) ဦး ရှိ ကြောင်းသိရသည် ။ ထို့အပြင် အဆိုပါ နေ့ က တတိယအသုတ်နှင့် ဒုတိယ အသုတ်တို့မှ ကာကွယ်ဆေးထိုးရန် ကျန်နေသူများကိုလည်း ဆေးထိုးစုရပ်ဖြစ်သည့် လက်စွေ့ အ.ထ.က ၊ ကုန်းတဲ အ.မ.က နှင့် လယ်ကြီးကျေးရွာဆေးထိုးစုရပ်နေရာတို့၌ ဆက်လက်ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၅၈၅) ဦး ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအား ပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်း - အောင်ဌေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment