ပိုင်ကျုံမြို့၌ အ-ထ-က ကျောင်းတွင် အသက်(၁၂)နှစ် ကျောင်းသား/ကျောင်းသူများ ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့၌ အ-ထ-က ကျောင်းတွင် အသက်(၁၂)နှစ် ကျောင်းသား/ကျောင်းသူများ ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည်




ပိုင်ကျုံ၊ နိုဝင်ဘာ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေး၊ ရောဂါအမြန်ကာကွယ်  ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ    ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍  ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်သည့် အထက်တန်းကျောင်း အ.ထ.က(ခွဲ)ကျောင်း၊  အ.လ.ကကျောင်း၊  အ.လ.က(ခွဲ)ကျောင်းနှင့် မူ(လွန်)ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အသက်(၁၂)နှစ်အထက်  ကျောင်းသား/ ကျောင်းသူများအား ကျန်းမာပျော်ရွှင်ပြီး  စိတ်အေးချမ်းသာစွာ  ပညာသင်ကြားနိုင်ရေးနှင့်   လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ (၁၄)ရက်နေ့မှ နိုဝင်ဘာဘာလ(၂ဝ)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံမည့်သူများအား ဆေးမထိုးခင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ပိုင်ကျုံ (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)