ဂွမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုများအား Second Phase ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုများအား Second Phase ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ



ဂွ၊ နိုဝင်ဘာ  ၁၄

ဂွမြို့နယ်အတွင်း  စုရပ်(၃)ခု၌    အောက်တိုဘာလ(၁၁)ရက်နေ့မှ   အောက်တိုဘာလ(၁၄)ရက်နေ့ အတွင်း  ပထမအကြိမ်အဖြစ်   ကာကွယ်ဆေးထိုးနှံပြီးခဲ့သူ  သတ်မှတ်ဦးတည်အုပ်စုများတွင်  ပါဝင်သူ များအား Second Phase  ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဒေသခံပြည်သူ (၂၆၄၂)ဦးအား  ဂွစုရပ်ဖြစ်သည့်  သာသနာ့ဗိမ္မာန်၊  ဆပ်သွား(အ.ထ.က)နှင့်  ကျိန္တလီထွေ/အုပ်  ခန်းမ တို့၌  နိုဝင်ဘာလ (၁၅)ရက်နေ့မှ  စတင်ကာ  ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  သတ်မှတ်ပေးထားသည့်  ရက်များအတွင်း ဂွမြို့နယ် စုရပ်(၃)ခု၌ Second Phase ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ များအား ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ဆေးထိုးရန် ကျန်ရှိသူများ မရှိစေရေးအတွက် သတ်မှတ် ဦးတည်အုပ်စုများတွင်   ပါဝင်သူများအား ထိုးနှံပေးမည့်  သတ်မှတ်စုရပ်နေရာများနှင့်  ထိုးနှံရမည့်  နေ့ရက်များအား  မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သက်ဆိုင်ရာ  ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်  ကာကွယ်ဆေးထိုးမည့် ပြည်သူများ  သိရှိနိုင်စေရေး  ဆောင်ရွက်ပေးခြင်းနှင့် ဆေးထိုးမည့် အစီအစဉ်များအား လှည့်လည် ဆော်သြပေးခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)