ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် (အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် (အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ



မုံရွာ၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကြီးမှူး၍ တိုင်းဒေသကြီး အတွင်းရှိ မျိုးဆက်သစ်လူငယ် အားကစားသမားများ မွေးထုတ်ပေးရေး၊ လူငယ်များကျန်းမာကြံ့ခိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း အားကစားသမားများ အပြင်မထွက်ရတဲ့အတွက် စိတ်ဖိစီးမှုများ ဖြေလျော့စေရေးတို့အတွက် ရည်ရွယ်ပြီး ၂၀၂၁-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက်(အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့  နေ့လည်(၃)နာရီခွဲက  မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကောလင်း ခရိုင်အသင်းနှင့် မော်လိုက် ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုတို့အား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ၂၀၂၁-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက်(အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တိုင်းဒေသကြီး အတွင်းရှိ ကန့်ဘလူ၊ စစ်ကိုင်း၊ ယင်းမာပင်၊ မုံရွာ၊ ကသာ၊ ကောလင်း၊ မော်လိုက် နှင့် ရွှေဘို စသည့် ခရိုင်ကိုယ်စားပြု အသင်းများဝင်ရောက်ယှဉ်ပြိုင်ကြပြီး နိုဝင်ဘာ ၆ ရက် ညနေ(၄)နာရီတွင် နောက်ဆုံးဗိုလ်လုပွဲကျင်းပကာ ပထမဆုအဖြစ် ငွေကျပ်(၅)သိန်း၊ဒုတိယဆုအဖြစ် ငွေကျပ်(၃)သိန်း၊ ပူးတွဲ တတိယဆုအဖြစ်(၂)ဆု ငွေကျပ်(၄)သိန်းတို့အပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆု နှင့် အကောင်းဆုံးအားကစားဆုတို့ကို ငွေကျပ်(၅)သောင်းစီ ပေးအပ်ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် ထူးချွန်းထက်မြက်သော အားကစားသမားများ ကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတွင် စခန်းသွင်းလေ့ကျင့်ပေးကာ ပြည်နယ်/တိုင်းဒေသကြီး အဆင့် အားကစားပြိုင်ပွဲများတွင် တိုင်းဒေသကြီးအဆင့်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် နိုဝင်ဘာ(၈)ရက်နေ့တွင် မြန်မာ့သိုင်း ဒိုင်/နည်းပြသင်တန်းကိုလည်းကောင်း၊ ဒီဇင်ဘာလတွင် မြို့နယ်ပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲကို လည်းကောင်း၊ ၂၀၂၂-ခုနှစ် ဇန်နဝါရီလတွင် အမျိုးသမီးကိုယ်ကာယြကံ့ခိုင်မှု အေရိုးဗစ်ပြိုင်ပွဲတို့ကို အောင်မြင်စွာကျင်းပပြုလုပ်သွားနိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်း - ထွန်းကိုကို(ယင်းမာပင်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)