ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်



ဟားခါး၊ နိုဝင်ဘာ ၃

ချင်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် ရောဂါ ဖြစ်ပွားမှုနှုန်းလျော့နည်းကျဆင်းမှု မရှိသေးသည့်စာရင်းတွင် ချင်းပြည်နယ် ပါဝင်လျက် ရှိသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရန်လို ကြောင်း၊ ဟားခါးမြို့နှင့် ဖလမ်းမြို့နယ်များတွင် ရောဂါကူးစက်မှုနှုန်း လျော့နည်း ကျဆင်းရေးနှင့် ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဟားခါးမြို့နှင့် ပလက်ဝမြို့တို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိရာ ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြ ရန် အမှာစကားပြောကြားသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်မှု၊ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ကျောင်းသူများနှင့်ဦးစားပေးဦးတည်အုပ်စုအလိုက်ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ဆက်လက် ထိုးနှံပေးနေမှု၊ ဟားခါးတက္ကသိုလ် ပြန်လည်ဖွင့်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဆေးပစ္စည်းများ လိုအပ်မှု၊ အောက်ဆီဂျင်ရရှိသုံးစွဲမှုအခြေအနေ၊ အသိပညာပေးလုပ်ငန်းများနှင့် Mask Campaign များ ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှိနေဆဲ ဖြစ်သည့်ဟားခါးမြို့နယ်အား ဒေသအစီအစဉ် ဖြင့် Lockdown ဆက်လက်သတ်မှတ်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ြငိမ်းနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြုံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)