တန့်ဆည်၊ နိုဝင်ဘာ ၃
ယနေ့ ၃-၁၀-၂၀၂၁ ရက်နေ့ တန့်ဆည်မြို့နယ်အတွင်းရှိ ပုတီးကျေးရွာ၊ ဆည်းဆာကျေးရွာနှင့် အခြားကျေးရွာတချို့တွင် NLD, PDF အကြမ်းဖက်သမားများက လက်နက်များကိုင်ဆောင်၍ ခရီးသွားပြည်သူများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဒေသခံတစ်ဦးက "ပုတီးရွာထိပ်မှာတော့ PDF အင်အား ၃၀ လောက်က လက်နက်တွေကိုင်ပြီး စစ်ဆေးနေတာဗျ။ ဖုန်းတွေ စစ်တယ်။ တပ်မတော်ထောက်ခံတဲ့ ဓာတ်ပုံတွေ ဘာတွေ တွေ့ရင်၊ mytel sim card သုံးရင် ပြဿနာရှာတာမျိုး လုပ်တယ်။ ပုတီးရွာထိပ်မှာတော့ PDF က လက်နက်ကြီးတွေပါ ထောင်ပြီးတော့ကို လုပ်နေတာ။ ဆည်းဆာရွာမှာလည်း အဲဒီလိုပဲ။ နောက်တစ်ခုက စပါးတဲရွာရဲ့ အရှေ့ဘက် တစ်တိုင်ခွဲလောက်မှာ PDF တွေစုပြီး ဗုံးလုပ်နေကြတာလို့ ကြားတယ်ဗျ။" ဟု ပြောသည်။
အခြားဒေသခံတစ်ဦးက "လမ်းမှာတွေ့တဲ့ သူတွေက သတင်းပေးလို့ PDF တွေ ရှိနေတယ်။ ဖုန်းတွေ သတိထားကြပေါ့။ တပ်မတော်ထောက်ခံပွဲပုံတွေ့ရင်၊ mytel ကတ် သုံးရင် ဖုန်းတွေပါ သိမ်းယူနေတာဆိုလို့ ဖျက်သွားကြလို့ တော်သေးတာပေါ့။" ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် NLD, PDF အကြမ်းဖက်များ ဆိုးရွားစွာ သောင်းကျန်းလျက်ရှိသော်လည်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်ခြင်း မရှိသောကြောင့် NLD, PDF များက အပြစ်မဲ့ ပြည်သူများအပေါ် ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းက တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာမှ အပြစ်မဲ့ပြည်သူ ၅ဦးကို NLD, PDF များက သတ်ဖြတ်ခဲ့ကြပြီး အခြားသောကျေးရွာများတွင်လည်း မိသားစုပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ NLD, PDF အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကားမှုများကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း ရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment