တီကျစ်အ.ထ.ကကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၄၁၀)ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တီကျစ်အ.ထ.ကကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၄၁၀)ဦးရှိ




နောင်တရား၊ နိုဝင်ဘာလ   ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု တီကျစ် အ.ထ.ကကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၁၀)ဦးရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေးလုပ်ငန်းများ ကို ဦးစားပေးအစီအလိုက် အောက်တိုဘာလ ၁၀ ရက်နေ့များတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသည့် ပြည်သူများကို နိုဝင်ဘာလ ၅ ရက်နေ့တွင် တီကျစ် အ.ထ.ကကျောင်း၌ ဒုတိယ အကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိသည်။ တီကျစ်ကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ လုံးပိုးကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စုနှင့် မွှေးပြင်ကျေးရွာအုပ်အတွင်းမှ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သည့် ပြည်သူများကို  ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လျက်ထိုးနှံပေးနေပြီး ကာကွယ်ဆေး လာရောက် ထိုးနှံသူ(၄၁၀)ဦးရှိပြီး ပထမအကြိမ် ဒုတိယအသုတ်တွင် (၂၅)ဦးလာရောက်ထိုးနှံ ကြောင်း သိရသည်။

သတင်း - ခွန်အောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)