နတ်မောက်မြို့ရှိအောက်ဆီဂျင်စက်ရုံတွင် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ရှိအောက်ဆီဂျင်စက်ရုံတွင် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ





နတ်မောက်၊ နိုဝင်ဘာ    ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  နတ်မောက်မြို့နယ်အတွင်းရှိဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ်လိုအပ်မှုကို ဖြည့်ဆီးဆောင်ရွက်ပေးနိုင်ရန် နတ်မောက်မြို့ စိတ်ဓာတ် ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းရုံးဝန်းအတွင်း တည်ဆောက်ထားသော “အာယုဒီဃ” အောက်ဆီဂျင်စက်ရုံတွင် ယမန်နေ့နံနက် (၅)နာရီအချိန်ခန့်က အန္တရာယ်ကင်းပရိတ် တရားတော်နာ မင်္ဂလာအခမ်းအနားကျင်းပခဲ့ပြီး၊ အခမ်းအနားသို့ အောက်ဆီဂျင် ဖြစ်မြောက် ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားကို “နမ္မောတဿ”(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပင့်သံဃာ ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူ ကြည်ညိုခဲ့ကြသည်။ဆက်လက်ပြီးဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချအမျှအတမ်းများပေးဝေခဲ့ကြပြီး၊ အာရုံဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြသည်။

နတ်မောက်မြို့ရှိအောက်ဆီဂျင်စက်ရုံမှာ တရုတ်နိုင်ငံထုတ်  30M3/hr Oxygen Generation Plant  အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် (၄၀) လီတာဆံ့အောက်ဆီဂျင် (၅) အိုးထုတ်လုပ်နိုင် ကြောင်း၊ ၎င်းစက်ရုံမှထွက်ရှိသည့်အောက်ဆီဂျင်များကို နတ်မောက်မြို့စိတ်ဓာတ်ဖြူစင်ကရုနာ ရှင်လူမှုကူညီရေး အသင်းက တာဝန်ယူဖြန့်ဝေဆောင်ရွက်ပေးနေပြီး မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်သည့် လူနာများသာမက မြို့သစ်မြို့နှင့်တောင်တွင်ကြီးမြို့ရှိ အောက်ဆီ ဂျင်လိုအပ်သည့် လူနာများအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

သတင်း - သင်သင်းမြတ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)