ငပုတော၊ နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ငပုတော မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ ဆောင်ရွက်ပေး လျက်ရှိသည်။ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ် နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးနှံပေးခဲ့ရာ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ဒုတိယအသုတ် ဒုတိယအကြိမ်အဖြစ် ပြည်သူ (၃၀၃၆၉) ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
သတင်း - နုနုအေး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment