ပိုင်ကျုံမြို့၌ နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲအတည်ပြုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့၌ နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲအတည်ပြုစစ်ဆေး

 


ပိုင်ကျုံ၊ နိုဝင်ဘာ  ၁၁

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်ရေးနှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေပြီး ထိရောက်စွာ  ကုသထိန်းချုပ်နိုင်စေရန်  ရည်ရွယ်၍ ပိုင်ကျုံ မြို့တိုယ်နယ်ဆေးရုံးတွင် ယနေ့နံနက်ပိုင်းအချိန်က နေရပ်ပြန်ပြည်သူများအား  ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ   ဓါတ်ခွဲအတည်ပြုစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ပိုင်ကျုံမြို့၊ ရွာကိုင်းကောင်းကျေးရွာအုပ်စု၊ ကော့ဆမိန်ကျေးရွာမှ  ကျား(၁)ဦး၊ ဝင်းဖရကျေးရွာ အုပ်စု၊ကရဲထော်ကျေးရွာမှ မ (၁)ဦး၊  မဲပရကျေးရွာအုပ်စု၊  အောက်မဲပရကျေးရွာမှ ကျား(၁)ဦး၊    ဒေါ်လန်းကျေးအုပ်စု၊ဒေါ်လန်းအလယ်ရွာမှ ကျား(၃)ဦးနှင့် မ(၆)ဦး စုစုပေါင်း(၁၂)ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kistဖြင့် စစ်ဆေးခဲ့ရာ နေရပ်ပြန်ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း သိရသည်။              

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံမှ ဓါတ်ခွဲကျွမ်းကျင်-၄၊ ဒေါ်မေမြတ်ကြွယ်ကနေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kist ဖြင့် အခမဲ့ ဓါတ်ခွဲအတည်ပြု စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

သတင်း - ပိုင်ကျုံ (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)