စစ်ကိုင်း၊ နိုဝင်ဘာ ၁၀
စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တို့ ကျေးရွာအနီး၌ ယနေ့ (နိုဝင်ဘာ ၁၀ ရက်)က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ဆိုင်ကယ် ၃ စီးနှင့် လူ ၆ ဦးသည် ညောင်ငုတ်တို့ ကျေးရွာထဲမှာ မောင်းနှင်လာစဉ် ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆားတောင်နှင့် ကျားမင်းကြီး ကျေးရွာကြား ကတ္တရာလမ်းမကြီးပေါ် ၌ ဆိုင်ကယ်လဲကျလျှက် ကားလမ်း၏ အနောက်ဘက်ခြမ်းသို့ အမျိုးသားနှစ်ဦး ထွက်ပြေးသွားခဲ့ပြီး ကျန် ၂ စီးမှာ ဆားတောင်ဘက်သို့ ပြန်လှည့်၍ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
လဲကျဆိုင်ကယ်အား စစ်ဆေးရာ သွေးပေနေသော ဆာလာအိတ်အဝါရောင်အတွင်းရှိ ဂျပ်ဖာအတွင်းမှ အရှည် ၄ လက်မ၊ အချင်း ၃ လက်မ ခန့်ရှိ huhua တံဆိပ်ပါ ပန်းရောင် အားမြှင့်ယမ်း ၂၄ လုံး သိမ်းဆည်းရမိခဲ့သည်။
ထို့နောက် ထွက်ပြေးသွားသော ဆိုင်ကယ် ၂ စီး နောက်သို လုံခြုံရေးတပ်ဖွဲ့မှ လိုက်လံဖမ်းစီးစဉ် ဆိုင်ကယ်တစ်စီး လူ ၂ ဦး အနက် ဆိုင်ကယ်နောက်မှ စီးနင်းလာသည့် အမျိုးသားတစ်ဦးသည် လက်လုပ်လေသေနတ်အား ပခုံးပေါ်ထမ်း၍ စီးနင်းနေသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆိုင်ကယ်လဲကျ၍ အဆိုပါ အမျိုးသား နှစ်ဦးအား ဖမ်းဆီးစစ်ဆေးရာ ညောင်ငုတ်တို့ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဌေးနှင့် ၎င်း၏တူဖြစ်သူ အောင်ကိုတို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ ၂ ဦးအား လက်လုပ်လေသေနတ် ၁ လက်နှင့်အတူ ထိန်းသိမ်းရရှိခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment