နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် ပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုနှင့် နေပြည်တော်အဝင်ဂိတ်များအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် ပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုနှင့် နေပြည်တော်အဝင်ဂိတ်များအား ကြည့်ရှုစစ်ဆေး


နေပြည်တော် နိုဝင်ဘာ ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဒက္ခိဏသီရိမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတို့တွင် ဒေသခံပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုနှင့် နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးများသို့ရောက်ရှိ၍ ဒေသခံပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကာ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကြသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် နေပြည်တော်အဝင် စီလမ်းဆုံစုပေါင်းစစ်ဆေးရေးဂိတ်နှင့် ပန်းတင်စုပေါင်းစစ်ဆေးရေးဂိတ်တို့တွင် နေပြည်တော်အတွင်း ဝင်ရောက် လာသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုကိုသွားရောက်၍ နေပြည်တော် အတွင်း ဝင်ရောက်လာသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နှာခေါင်းစည်း Maskများ ဖြန့်ဝေပေ းကြပြီး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ပန်းတင်ကျေးရွာ အမှတ်(၁၀) အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှု အားပေးပြီး နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)