တန့်ယန်း၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား လုံးဝမထိုးနှံ ရသေးသူ အသက် ၁၈ နှစ် အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများအား ယခုအခါ ပထမအကြိမ်အဖြစ် ယနေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ စတင်ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးတို့က ကြီးကြပ်၍ မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးရာ မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ တာဝန်ရှိသူတို့က ကူညီဆောင်ရွက်ကြကြောင်းနှင့် ဆေးလာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း များကို ဆောင်ရွက်ပေးပြီး ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း (၁၈၆၉၀)ဦး ရှိကြောင်း နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ဆေးထိုးအုပ်စုနှင့် ဆေးထိုးစုရပ်များခွဲ၍ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - မင်းလွင်ဦး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment