သီပေါ၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ နစ်နာ ဆုံးရှုးမှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနစသည့် ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များသို့ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ် အသားများ ဖော်ပြပါရှိသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများနှင့် စားသုံးရန်မသင့်သော ကုန်ပစ္စည်းများအား ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ ဦးစီးမှူး ဒေါ်ခင်မာရီက မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ညွှန်ကြားထားသော ကုန်အညွှန်း အမှတ်အသား များဖော်ပြပါရှိသော ကုန်ပစ္စည်းများသာဖြန့်ဖြူး ရောင်းချစေရေး၊ ကုန်ပစ္စည်း အမျိုးအစား အလိုက် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ သိရှိနိုင်စေရေး၊ စားသုံးသူ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် စားသုံးရန်မသင့်သော ကုန်ပစ္စည်းများ အကြောင်းကို အဆိုပါ ဆိုင်ပိုင်ရှင်များအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
သတင်း - ခင်လေး(၊ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment