မောင်တော၊ နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျေးရွာ(၄)ရွာရှိ ဒေသခံတိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင်၍ ဝန်ထမ်းများက ပြားသား ၊ သုခမြိုင် ကျေးရွာရှိ အမျိုးသား ၂၆ ဦး ၊ အမျိုးသမီး ၁၉ ဦး ၊ အောင်မင်္ဂလာကျေးရွာရှိ အမျိုး သား ၂၁ ဦး ၊ အမျိုးသမီး ၂၂ ဦး ၊ အောင်သာယာ ကျေးရွာရှိ အမျိုးသား ၁၉ ဦး ၊ အမျိုးသမီး ၁၃ ဦး ၊ အောင်ဇေယျ ကျေးရွာရှိ အမျိုးသား ၃၇ ဦး ၊ အမျိုးသမီး ၂၃ ဦး ၊ အဆိုပါကျေးရွာ(၄)ရွာရှိ အမျိုးသား ၁၀၃ ဦးနှင့် အမျိုးသမီး ၇၇ ဦး စုစုပေါင်း လူဦးရေ ၁၈၀ ဦးအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက်(၁၀) နှစ်ပြည့် ၊ အသက်(၁၈) နှစ် ပြည့်ပြီး သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်း ၊ မှတ်ပုံတင် လဲလှယ်ပေးခြင်း ၊ ပျောက်ဆုံး/ပျက်စီးသူများကို မိတ္တူ ပြု လုပ်ပေးခြင်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့် တာဝန်ရှိသူများက ဒေသခံ တိုင်းရင်းသားများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment