တာချီလိတ်မြို့၌ ဒုတိယအကြိမ် အိမ်​ထောင်စု(၆၀၀)စုအား အ​ခြေခံစား​သောက်ကုန်များ ထောက်ပံ့ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ဒုတိယအကြိမ် အိမ်​ထောင်စု(၆၀၀)စုအား အ​ခြေခံစား​သောက်ကုန်များ ထောက်ပံ့ ပေးအပ်

တာချီလိတ်၊နိုဝင်ဘာ  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်မြို့၌ မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု (၆၀၀)အား အခြေခံစားကုန် များဖြစ်သည့် ဆန်၊ ဆီနှင့် ငါးသေတ္တာများ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက အာယုဒါန အောက်ဆီဂျင်စက်ရုံ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များမှ စားဝတ်​နေ​ရေး ခက်ခဲလျက်ရှိ​​သည့် အိမ်​ထောင်စုပေါင်း (၆၀၀)အား အိမ်ထောင်စုတစ်စုလျှင် ဆန်ရှစ်ပြည်ပါ တစ်အိတ် ၊ စားဆီ တစ်လီတာ တစ်ဗူးနှင့် ငါး​သေတ္တာဗူး တစ်ကဒ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၇၀)ခန့် တန်ဖိုးရှိ အ​ခြေခံစား​ကုန်များကို ဦးအားတီနှင့်ဇနီး ဒေါ်ခင်ခင်​ထွေး(စံလင်းဖြိုးကုမ္ပဏီ)မှ သားဖြစ်သူ မောင်စံလင်းဖြိုး၏ အသက် ၁၂ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဦးဆမ်သန်း (အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်)မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၅၀၀( ထိုင်းဘတ် ၁၀၀)နှုန်းဖြင့်  ထပ်မံထောက်ပံ့ပေးခဲ့သည်။

ယနေ့ ထောက်ပံ့လှူဒါန်းခြင်းသည်  ဒုတိယအကြိမ်ဖြစ်ပြီး ဆက်လက်၍ နိုဝင်ဘာ ၂၈ ရက်​နေ့တွင် တတိယအကြိမ်အဖြစ် လှူဒါန်း ထောက်ပံ့ပေးသွားရန်ရှိကြောင်း ဦးအားတီထံမှ သိရသည်။

ယာဆေး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)