ကျောက်ဖြူ၊ နိုဝင်ဘာ ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဦးစားပေးအုပ်စုတွင် ပါဝင်သူများနှင့် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူ ၁၇၈၂၉ ဦးထဲမှ အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ယနေ့ နံနက် ၉ နာရီက ရမ္မာဝတီခန်းမတွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများ က ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများ၊ အသက် ၁၈ နှစ် အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေး သွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေ ရှိသူများသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများနှင့် အသက် ၁၈ နှစ်အထက်ရှိ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သတ်မှတ်စုရပ်နေရာ အသီးသီး၌ ထိုးနှံပေးလျက်ရှိရာ ပထမ အသုတ်တွင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ ၄၉၈၅ ဦးရှိပြီး၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဒုတိယအသုတ်(ပထမအကြိမ်) ၁၇၈၂၉ ဦးထိုးနှံပေးခဲ့သည်။
၎င်းတို့အား ဒုတိယအကြိမ် ၁၁၈၉၈ ဦးထိုးနှံပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စာရင်းများ အရသိရသည်။ ထိုသို့ကာကွယ် ဆေးထိုးနှံပေးနေမှုအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ် ပေးလျက်ရှိသည်။
သတင်း - ဖြိုးဝေလင်း၊တင်ထွန်းဦး (ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment