ပွင့်ဖြူ၊ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အလျား ၁၇၃ ပေ၊ အနံ ၃၂ ပေ အာရ်စီနှစ်ထပ် အိပ်ဆောင် အဆောက်အအုံသစ်အား Galaxy Power ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းအရည်အသွေးပြည့်မီရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အာရ်စီနှစ်ထပ် အိပ်ဆောင် အဆောက်အအုံသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများက လက်ရှိလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရန်နှင့် ရေရှည်တည်တံ့ ကောင်းမွန်ရေးအတွက် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီရေး ကြိုးပမ်း ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အလျား ၁၇၃ ပေ၊ အနံ ၃၂ ပေ အာရ်စီနှစ်ထပ် အိပ်ဆောင် အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် ၂၆၂ ဒသမ ၉၆ သန်း ခွင့်ပြုချထား ပေးခဲ့ကြောင်း သိရကာ အဆိုပါ အိပ်ဆောင် အဆောက်အအုံသစ် ဆောက်လုပ်ခြင်းအား တင်ဒါအောင်မြင်သည့် Galaxy Power ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေယံထွန်းနှင့် ဒေါ်စုသက်မောင် တို့က အနီးကပ်ကြီးကြပ်၍ တည်ဆောက်နေခြင်းဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းတွင် လုပ်ငန်းတည်ဆောက်ပြီးစီးမှု ၇၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
သတင်း - ရဲဝင်းနိုင် (ညောင်ဦး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment