ကျောက်ဖြူ၊ နိုဝင်ဘာ ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်ဖြူအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား ၅၂ ဦးအား ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါအကျဉ်းဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မထိုးနှံမှီ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေ ရှိသူများသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ အနားယူပြီး သက်ဆိုင်ရာနေများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အဆိုပါအကျဉ်းထောင်ရှိ အကျဉ်းသား ၂၁ ဦး၊ အကျဉ်းသူ ၇ ဦး၊ အချုပ်သား ၂၄ ဦး စုစုပေါင်း ၅၂ ဦးအား စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ယခု ဒုတိယအကြိမ် ၅၂ ဦးအား ထိုးနှံပေးခဲ့ရာ ကျောက်ဖြူအကျဉ်းထောင်၏ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦး၊ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်း တို့က အနီးကပ်ကြီးကြပ်ပေးလျက်ရှိသည်။
ကျောက်ဖြူအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ အကျဉ်းသား ၁၁၆ ဦး၊ အကျဉ်းသူ ၁၄ ဦး၊ အချုပ်သား ၅၃ ဦး၊ အချုပ်သူ တစ်ဦး စုစုပေါင်း ၁၈၄ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း ကျောက်ဖြူအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သတင်း - ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment