ယမန်နေ့က ဂျင်မီ(ခ) ကျော်မင်းယုဆိုသူကို ဖမ်းဆီးရမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိထားတာတော့ ရက်သတ္တပတ်ကျော်ပါပြီ။ စစ်ဆေးမေးမြန်း ထွက်ဆိုချက်တွေနဲ့အတူ သတင်းထုတ်ပြန်လာခြင်းဖြစ်ပါတယ်။
နိုင်ငံရေးဆူပူမှုမှသည် အကြမ်းဖက်မှုဆီကို တွန်းပို့ခဲ့ကြတဲ့ အဓိကတရားခံတွေထဲမှာ ဖမ်းဆီးရမိလိုက်တဲ့ ဂျင်မိ(ခ)ကျော်မင်းယုဆိုသူသည် ဦးဆောင်သူတစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပေါ်ပေါက်လာတဲ့အချိန်မှာ မင်းကိုနိုင်၊ ဂျင်မီတို့က ဦးဆောင်ပြီး NLDပါတီရဲ့ မဲလိမ်မဲခိုးမှုကြီးကို မီဒီယာနဲ့ ပူးပေါင်းပြီး ဖုံးကွယ်ဖျောက်ဖျက်လိုက်တယ်။ တပ်မတော်က အာဏာလုယူသယောင် ဖန်တီးပြောဆိုပြီး လူငယ်တွေကို လမ်းပေါ်တွန်းတင်တယ်။ စကားလုံးလှလှလေးတွေ ဖန်တီးပြောဆိုတတ်တဲ့ အဓိက တရားခံ မင်းကိုနိုင်ကတော့ အကြမ်းဖက်အားပေး အမေရိကန်နိုင်ငံကိုရောက်အောင် ထွက်ပြေးသွားနိုင်ခဲ့တယ်။
အစောဆုံး ၅၀၅(ခ)နဲ့ ဝရမ်းထုတ်ခဲ့တဲ့ (၇)ဦး စာရင်းမှာ မင်းကိုနိုင်၊ ဂျင်မီ(ခ)ကျော်မင်းယု၊ မျိုးရန်နောင်သိန်း၊ အဆိုတော်လင်းလင်း၊ ပန်ဆယ်လို၊ မောင်မောင်အေး၊ အင်းစိန်အောင်စိုးတို့ ပါဝင်ပါတယ်။ ဒီလူတွေကို ဝရမ်းထုတ်ပြီးချိန် (၂/၂၀၂၁) သတင်းစာရှင်းလင်းပွဲမှာ မြန်မာနေရှင်နယ်ပို့စ်က ဆူပူအကြမ်းဖက်လှုံ့ဆော်သူတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတဲ့ အခြေအနေကို မေးမြန်းခဲ့ပါသေးတယ်။ အဲဒီအချိန်က မင်းကိုနိုင်၊ အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်း၊ အဆဲတစ်လိုင်း ပန်ဆယ်လိုတို့ ပြည်ပကို မရောက်သေးပါဘူး။ ပြောရရင်တော့ ဖမ်းဆီးရမိရေး ဆောင်ရွက်သူတွေဟာ အဓိကကျတဲ့ ဆူပူအကြမ်းဖက် လှုံ့ဆော်သူတွေကို ကိုင်တွယ်ရာမှာ အလွန်အမင်း ညံ့ဖျင်းတယ်လို့ အပြစ်တင်ရမှာပဲ ဖြစ်ပါတယ်။ ဂျင်မီလို ပုဂ္ဂိုလ်မျိုးကတောင် အကြမ်းဖက်မှုတွေကို ဦးဆောင်ပြီး လုပ်နေတယ်ဆိုတော့ လူဆိုးလူမိုက် အင်းစိန်အောင်စိုးလို လူမျိုးက ဘယ်လိုတွေ ဦးဆောင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေမလဲ။
အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်းနဲ့ အဆဲတစ်လိုင်း ပန်ဆယ်လိုတို့ဟာ ပြည်ပကို ရောက်တယ်ဆိုရင်ပဲ အရှက်တရားကင်းမဲ့စွာ အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြသလို၊ အကြမ်းဖက်လှုပ်ရှားနေသူတွေကို ကူညီထောက်ပံ့နိုင်ဖို့ အမေရိကန်နိုင်ငံအတွင်းမှာ ရန်ပုံငွေကောက်ခံပွဲတွေ လုပ်ကြတော့တာပါပဲ။
အကြမ်းဖက်လုပ်ရပ်တွေကို မလိုလားတဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှုတဲ့ ပြည်ပရောက် မြန်မာတွေက အကြမ်းဖက်လှုံ့ဆော်သူတွေဖြစ်တဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လိုတို့ အမေရိကန်နိုင်ငံအတွင်း ရောက်ရှိပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေကောက်ခံပွဲတွေ လုပ်နေတဲ့အပေါ် အကြမ်းဖက်တိုက်ဖျက်ရေးဟာ နံပါတ်တစ်ဦးစားပေးပါဆိုတဲ့ အမေရိကန် FBI ကို တိုင်ကြားခဲ့ပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးဟာ သူတို့ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ပါဆိုတဲ့ FBI ဟာ မြန်မာနိုင်ငံအတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်ပြီး အမေရိကန်နိုင်ငံထဲကို ရောက်ရှိလာတဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လိုတို့ကိုတော့ သူတို့ရဲ့ အကြမ်းဖက်နှိမ်နင်းရေးဥပဒေနဲ့အရေးယူခြင်း မရှိတဲ့အပြင် အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ရန်ပုံငွေကောက်ခံပွဲတွေမှာ အမေရိကန် ရဲတွေကပါ ဓာတ်ပုံအတူရိုက်ပြီး ပူးပေါင်းဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။
အမေရိကန်ဟာ သူ့နိုင်ငံအကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေ့တန်းတင်ပြီး အခြားသော တိုင်းပြည်တွေအပေါ်မှာ ယုတ်မာကောက်ကျစ် စဉ်းလဲတဲ့ စရိုက်ဆိုးကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရခြင်းပါပဲ။ သူ့နိုင်ငံအတွင်းမှာသာ အကြမ်းဖက်မှုတွေကို ဦးစားပေးနှိမ်နင်းကောင်း နှိမ်နင်းပါလိမ့်မယ်။ အခြားသော တိုင်းပြည်တွေမှာ သူခြယ်လှယ်လို့ရတဲ့ အစိုးရမျိုးမဟုတ်ခဲ့ရင် ဆူပူအကြမ်းဖက်မယ့်သူတွေကို အကူအညီပေးပြီး တိုင်းဖျက်ပြည်ဖျက် လုပ်ငန်းတွေကို အားပေးအားမြှောက် လုပ်ပါတယ်။ အမေရိကန်ဖျက်ဆီးလို့ ပျက်ဆီးခဲ့ရတဲ့ တိုင်းပြည်တွေလည်း များစွာရှိခဲ့ပါတယ်။ ဆီးရီးယား၊ လက်တလောအခြေအနေမှာ အကြမ်းဖက်သမားတွေရဲ့ လက်ထဲရောက်သွားတဲ့ အာဖဂန်နစ္စတန် အစရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်ခဲ့ ပြဿနာတွေဟာ အကြမ်းဖက်အားပေး အမေရိကန်ရဲ့ စနစ်တကျ ဖျက်ဆီးမှုတွေပဲ ဖြစ်ပါတယ်။
မင်းကိုနိုင်၊ ဂျင်မီတို့လို ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေကတော့ သူတို့ကို ငွေကြေးထောက်ပံ့ပေးမယ်ဆိုရင် အမေရိကန်၊ အိုအိုင်စီ၊ ဂျော့ဆိုးရော့စ် ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်က ခိုင်းသည်ဖြစ်စေ ပြည်သူတွေကို နိုင်ငံရေးမှိုင်းတိုက်ပြီး တိုင်းဖျက်ပြည်ဖျက် လုပ်ဖို့ ဝန်မလေးတဲ့ တစ်ပို့တည်းသမား လက်ပါးစေနိုင်ငံရေးသမားတွေပေါ့။
မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အသိမှာ ဖြစ်ပေါ်နေတာက နိုင်ငံရေးဆိုတာနဲ့ NLD, ၈၈ က လူတွေကိုပဲ နိုင်ငံရေးလို့ အထင်ရောက်နေကြတဲ့ မှိုင်းကြောင့်လည်း NLDနဲ့ ၈၈ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးကို ခုတုန်းလုပ်ပြီး လိုသလို ကိုယ်ကျိုးရှာလို့ ရနေခြင်းဖြစ်ပါတယ်။
NLD, ၈၈ တွေကို သိပ်ကို အထင်ကြီးနေကြတဲ့ မြန်မာပြည်သူတွေကို ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစိုးသန်းနိုင်က ဂျင်မီ(ခ) ကျော်မင်းယု ကို ဖမ်းဆီးမိချိန်မှာ ဂျင်မီဆိုတာ ဘာကောင်လဲဆိုတာကို ဖော်ထုတ်ပြောဆိုခဲ့ပါသေးတယ်။ ဂျင်မီဟာ အမှုပွဲစား၊ ရဲနဲ့ပေါင်းပြီး အမှုတွေကို ဥပဒေမဲ့ဖြစ်အောင် လုပ်စားနေတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာကို အချက်အလက်တွေနဲ့ ဖော်ထုတ်ပြောဆိုသွားခဲ့ပါတယ်။
နိုင်ငံရေးသမားဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြည်သူကို အသုံးချပြီး တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းတွေ လုပ်နေတဲ့ ဂျင်မီ(ခ) ကျော်မင်းယု ကို ဖမ်းဆီးရမိချိန်မှာ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံ သတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု တို့အား အဆိုပါ ၂ ထပ်တိုက်နေအိမ်မှ သိမ်းဆည်းရမိခဲ့ပါတယ်။ နိုင်ငံရေးသမားက လက်နက်ကိုင်စရာ လိုပါ့မလား၊ သူတို့ကိုင်ထားတဲ့ လက်နက်တွေဟာ ပြည်သူကို အကာအကွယ်ပေးဖို့လား၊ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ဖို့လား။ စာရှုသူတစ်ယောက်ဟာ နီပိန်းမဟုတ်ဘူးဆိုရင်တော့ စဉ်းစားဆင်ခြင်နိုင်ပါလိမ့်မယ်။ နီပိန်းတွေဟာတော့ သူတို့လုပ်သမျှ အမှန်ထင်နေကြသူတွေ ဖြစ်တဲ့အတွက် နိုင်ငံရေးသမားအမည်ခံထားတဲ့ အကြမ်းဖက်သမားတွေရဲ့ သရုပ်မှန်ကို မသိနိုင်ပါဘူး။
မင်းကိုနိုင်၊ ဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်းတွေရဲ့ ဦးဆောင်မှုနဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်လာပြီး အပြစ်မဲ့ ရဟန်းသံဃာ၊ ဆရာ/ဆရာမ၊ ကလေးငယ်ပါမချန် သတ်ဖြတ်ခဲ့ရကြတယ်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့ဝန်ထမ်းများစွာ ဆုံးရှုံးခဲ့ကြတယ်။ NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာဝါဒီတွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ရဟန်းရှင်လူ၊ ပြည်သူ့ဝန်ထမ်း ၁၃၇၀ ကျော်အထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ မင်းကိုနိုင်၊ ဂျင်မီတို့ရဲ့ အကြံပြုချက်တွေနဲ့ နလပိန်းတုန်း အကြမ်းဖက်သမားတွေက လက်နက်ကိုင်ပြီး ပြည်သူကိုကာကွယ်နေတာလား၊ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေတာလားဆိုတာကို ခွဲခြားနားလည်ကြပါလိမ့်မယ်။
တရားခံ ကျော်မင်းယု(ခ)ဂျင်မီ၏ ထွက်ဆိုချက်တွေကို လေ့လာကြည့်ပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အဆိုပါပင်လုံအိမ်ရာနေအိမ်တွင်နေထိုင်၍ ဆူပူ ဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေး အတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်တိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကိုင် တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများအားဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလ အတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊ သူရကျော်(ခ) နီကိုလပ်စ်၊ သန်းအောင်(နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည်(ခ)အူနို (နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး(ခ) ဇော်ဝင်းမောင်(၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ)တို့နှင့်အတူ စတင်ဖွဲ့ စည်းခဲ့ကြောင်း” ထွက်ဆိုထားတယ်။
သူ့ရဲ့ထွက်ဆိုချက်မှာ သတင်းမီဒီယာများနဲ့ ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့မှုများ ပြုလုပ်ခဲ့ကြောင်း ပြောထားပါတယ်။ ဂျင်မီပြောတဲ့ သတင်းမီဒီယာဆိုတာကတော့ နီပိန်းလေးတွေကို အကြမ်းဖက်သမားလေးတွေ ဖြစ်အောင် လှုံ့ဆော်ပေးနေတဲ့ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now လို့ အမည်ခံထားတဲ့ NLD၊ ၈၈ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီး လုပ်စားနေကြတဲ့ မီဒီယာတွေဆိုတာကို မှတ်သားထားစေချင်ပါတယ်။
ကျော်မင်းယု(ခ)ဂျင်မီ ရဲ့ ထွက်ဆိုချက်တွေမှာ သူကိုယ်တိုင် ဦးဆောင်တဲ့ Moon Light Operation အဖွဲ့၊ ဖြိုးဇေယျာသော် ခေါင်းဆောင်သော Yangon Urban Guerilla-YUG အဖွဲ့နှင့် ဝေဖြိုးဟန်ခေါင်းဆောင်သော ရန်ကုန်တိုင်း PDF အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံပညာအဆင့် ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ ဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ဆင်ရေး တစ်ရပ်အား ၂၀၂၁ ခုနှစ်၊ မေလတွင်စတင်ခဲ့ကြကြောင်း၊ ၎င်းနောက် အပြစ်မဲ့ပြည်သူများ ကို ထိတ်လန့်တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များကို သတ်ဖြတ်ခြင်း၊ NLD ပါတီအား ထောက်ခံမှုမရှိခဲ့သူများကို သတင်းပေး/ ဒလန်အဖြစ် စွပ်စွဲ သတ်ဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အဦများ၊ ပုဂ္ဂလိက ဘဏ်များစသည့် အပြစ်မဲ့ပြည်သူများနှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည် တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့အား တရားခံပြေး လွင်ကိုလတ်မှ AK-47 နှင့် M-16 အလက် ၃၀၊ ကျည် ၆၀၀ တောင့်၊ ကျည်ကတ်၉၀ ခုနှင့် ဗုံးဖောက်ခွဲရန် ကတ်သီး ၅၀၀ ခုအား ပေးအပ်ခဲ့ကြောင်း၊ ၎င်းလက်နက်/ ခဲယမ်းများဖြင့် ရန်ကုန်မြို့တွင်း အကြမ်း ဖက်လုပ်ငန်း များကို လုပ်ဆောင် ခဲ့ကြောင်း ထွက်ဆိုသွားခဲ့ပါတယ်။
တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို နည်းမျိုးစုံနဲ့ လုပ်ကြံသတ်ဖြတ်နေတဲ့ NLD, ၈၈ က အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို နေ့စဉ်မြင်တွေ့၊ ကြားသိနေရတဲ့ ပြည်သူတွေအနေနဲ့ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေ ကောင်းကျိုးအတွက် လုပ်နေတာလား၊ ပြည်သူတွေ အကျိုးမဲ့ဖြစ်အောင် လုပ်နေတာလားဆိုတာကိုတော့ ထမင်းစား သူတိုင်း ခွဲခြားသိမြင်နိုင်ပါတယ်။ ပိန်းပိတ်အောင် နီနေရင်တော့ အကြမ်းဖက်လုပ်ရပ်တွေကို ဓမ္မထင်ပြီး ဆင်ကန်းတောတိုး လုပ်မိနေကြအုံးမှာပါပဲ။
ကျော်မင်းယု(ခ) ဂျင်မီရဲ့ ထွက်ဆိုချက်ထဲမှာ “အကြမ်းဖက် Moon Light Operation အဖွဲ့အနေဖြင့် အကြမ်းဖက် NUG မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နောက်ပိုင်းတွင် ကြီးမားသော အကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုအား ရန်ကုန်တိုင်းဒေသကြီး အတွင်းလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ကြောင်း၊ ကျော်မင်းယု(ခ)ဂျင်မီ သည် အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုအား အနီးကပ်ကြပ်မတ်ညွှန်ကြားရန် မဲဆောက်မှ ရန်ကုန်သို့ စက်တင်ဘာလ ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း၊ ပင်လုံအိမ်ရာဝန်းအတွင်းနေထိုင်၍ အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး ၈ ခုအား ညွှန်ကြားစေခိုင်းခဲ့ကြောင်း၊ Mission-1 အား တွံတေးမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု၊ Mission-2 အား အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-3 အား လှည်းကူးမြို့နယ်အတွင်း အောက်တိုဘာလ အတွင်း လုပ်ဆောင် ပြီးစီးခဲ့ကြောင်း ပါတဲ့ဗျာ။
နီပိန်း၊ နီပိတ် ပရိတ်သတ်ကြီး ခင်ဗျားတို့ လေးစားပါတဲ့ ဆိုတဲ့သူတွေဟာ ပြည်သူတွေကို ကာကွယ်နေတာလား၊ ပြည်သူတွေကို သတ်ဖြတ်နေတာလား သိကြပြီလား။
ထပ်လုပ်ဖို့ စီစဉ်ထားတာတွေနဲ့ ပတ်သက်လို့ ကျော်မင်းယု(ခ) ဂျင်မီက Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ကြီးမားသော ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ ပေါင်းစပ်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း၊ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြီးများ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Dorne ၊ ဂြိုလ်တုဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြသည့် တရားခံပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီတို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ထွက်ဆိုသွားပါတယ်။
မြန်မာနိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ -
ခင်ဗျားတို့ လေးစားယုံကြည်တဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်တွင်းမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေက အကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်ကြီးကြပ်ပြီး ပြည်ပကို ရောက်နေတဲ့ ပုဂ္ဂိုလ်များက တိုင်းဖျက်ပြည်ဖျက် လုပ်ငန်းတွေ လုပ်ဖို့ လက်နက်၊ ခဲယမ်းတွေ ထောက်ပံ့ပေးနေပါပေါ့လား။
ခင်ဗျားတို့ ယုံကြည်လေးစားတဲ့ လူတွေက ပြည်သူတွေကောင်းကျိုးအတွက် ဆောင်ရွက်မယ့် နိုင်ငံရေးသမားတွေလား၊ အကြမ်းဖက်သမားတွေလား သိကြပြီလား။ မြင်ကြပြီလား။ ဆက်ပြီး အားပေးထောက်ခံပေးလိုက်ကြပါအုံး။ ဒါမှ ခင်ဗျားတို့ကိုယ်တိုင်လည်း ခင်ဗျားတို့လေးစားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒုက္ခပေးမှုကြောင့် အများပြည်သူ ဘယ်လောက်အထိ ဒုက္ခရောက်ရသလဲဆိုတာကို ခင်ဗျားတို့ ကိုယ်တိုင် သိရှိနားလည်မှာ ဖြစ်တယ်။ ခင်ဗျားတို့အနေနဲ့ နိုင်ငံရေးသမားကြီးတွေလို့ ထင်ထားတဲ့ တိုင်းတပါး လက်ပါးစေ ပြည်ဖျက်မိစ္ဆာတွေဟာ နိုင်ငံရေးသမားမဟုတ်ဘဲ အကြမ်းဖက်သမားကြီးတွေ ဖြစ်နေတာ ဝမ်းနည်းစရာပါ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment