ခေါဇာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ကာကွယ် ဆေး တစ်ကြိမ်မျှ မထိုးနှံရသေး‌သော ဒေသခံပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခေါဇာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ကာကွယ် ဆေး တစ်ကြိမ်မျှ မထိုးနှံရသေး‌သော ဒေသခံပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိ



ခေါဇာ၊ နိုဝင်ဘာ   ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်း ကျဆင်းစေရန်နှင့် ဆက်လက် ထိန်းချုပ်နိုင်ရေးအတွက်    ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးထိုးနှံရေး အဖွဲ့အမှတ်(၉)စုရပ်ဖြစ်သော ခေါဇာမြို့ မြို့လယ်ဓမ္မာရုံ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင်၊ တတိယအသုတ် (ပထမအကြိမ်) ကာကွယ်ဈေး ထိုးနှံပြီး သောဒေသခံ ပြည်သူ များအား (ဒုတိယအကြိမ်) ပြန်လည်ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော ဒေသခံ ပြည်သူ များအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိပြီ  ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့ အမှတ်(၉)စုရပ်ဖြစ်သော ခေါဇာမြို့ မြို့လယ်ဓမ္မာရုံစုရပ်တွင် ယနေ့အထိ (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း (၅၇၃၀)ဦး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်း - ခေါဇာ(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)