နမ္မတူမြို့နယ်၊ ခါးရိုး၊ ကြံ့ခုကျေးရွာတို့ရှိ အိမ်ထောင်စု (၄၂)စုတို့အတွက် အခြေခံစားသောက်ကုန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်၊ ခါးရိုး၊ ကြံ့ခုကျေးရွာတို့ရှိ အိမ်ထောင်စု (၄၂)စုတို့အတွက် အခြေခံစားသောက်ကုန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ထောက်ပံ့ပေးအပ်

နမ္မတူ၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ၊ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းနှင့် အလှူရှင်များပူးပေါင်း၍ နမ္မတူမြို့နယ်အတွင်းရှိ သွားရေးလာရေးခက်ခဲသည့် ခါးရိုး၊ ကြံ့ခုကျေးရွာတို့ရှိ အိမ်ထောင်စု (၄၂) စုတို့အတွက် အခြေခံစားသောက်ကုန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ပေးအပ်လှူဒါန်း ခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် မိတ်ဆွေကောင်းလှူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့် နှင့် အလှူရှင်များက ပန်ချင်ကျေးရွာအုပ်စု၊ ခါးရိုးကျေးရွာရှိ အိမ်ထောင်စု (၂၄)စု၊ ကြံ့ခုကျေးရွာရှိ အိမ်ထောင်စု (၁၈)စု စုစုပေါင်းအိမ်ထောင်စု (၄၂)စု၊ လူဦးရေ (၁၃၄)ဦးတို့အတွက် အခြေခံ စားသောက်ကုန် ဆန် (၂၁၀)ပြည်၊ ဆီ (၂၁)ပိဿာ၊ ကုလားပဲ (၂၁)ပိဿာ၊ ငါးခြောက် (၁၁)ပိဿာ၊ လက်ဆေးဆပ်ပြာ (၁၆၆)ခဲ၊ တစ်အိမ်ထောင်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ဗူးနှုန်းဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၄၂)ဗူးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗွီနိုင်းများအား ကျေးရွာနေ ဒေသခံတိုင်းရင်းသား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မိတ်ဆွေကောင်းလှူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့် ထံက သိရသည်။

သတင်း - လူမော် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)