လားရှိုး၊ နိုဝင်ဘာ ၅
လားရှိုးမြို့ရှိ အသက်(၁၂)နှစ်ပြည့်ပြီးသူများကို ယနေ့နံနက် (၉) နာရီအချိန်မှစတင်ကာ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို ဆေးထိုးစုရပ်(၅)ခုတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးနေသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးသည် ဆေး(၁)လုံးလျှင် လူ (၂) ဦးထိုးနှံရမည်ဖြစ်သည်။ လားရှိုးမြို့နယ်အတွက်ရရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (၂၂၂၆) လုံးရရှိမှုမှ အသက်(၁၂)ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများ (၃၉၉၅) ဦးတို့ကို ထိုးနှံပေးသွားမည်ဖြစ်သည်။
ဆေးထိုးစုရပ်များအနေဖြင့် လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁)/ (၂)/ (၃)/ (၄)/ (၅)/ (၆) အထက်တန်း ကျောင်းများ၌ ထိုးနှံပေးသွားမည်ဖြစ်သည်။ အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီက စီစဉ်ဆောင်ရွက်ပြီး လားရှိုးမြို့နယ် ကျန်းမာရေး ဦးစီးဌာနက ထိုးနှံပေးလျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ လားရှိုးမြို့နယ် အနေဖြင့်လည်း (Stay at Home) အစီအစဉ်မှာ ပယ်ဖျက်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
သတင်း - ဟန်ဌေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment