မိုးကောင်း၊ နိုဝင်ဘာ ၅
ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် မိုးကောင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် ၁၁ နာရီတွင် မြို့နယ်အတွင်းရှိ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် တိုင်းရင်းသားရိုးရာဝန်ကြီးက တိုင်းရင်းသားများ၏စကား၊ အမွေအနှစ်၊ ထုံးတမ်းစဉ်လာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဖွံဖြိုးမှုနည်း ပါးသောဒေသတွင် လူမှုဘဝမြှင့်မားရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ပညာရေးမြှင့်မား ရေးများ လုပ်ဆောင်ပေးရမည်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမို ခိုင်မာရရှိအောင် ဆောင်ရွက်ပေးရေး စသည့်မူဝါဒများဖြင့် မိမိတို့ဌာနက တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် တိုင်းခန္တီးရှမ်း၊ ရှမ်းမျိုးနွယ်စု၊ တိုင်းလိုင်(ရှမ်းနီ)နှင့် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့တို့မှ မိတ်ဆက်စကားပြောကြားပြီး ၎င်းတို့၏လိုအပ်သည်များ ဆွေးနွေးမှုအပေါ် ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတာဝန်ခံ ဒေါ်အိအိအေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်မှ တိုင်းရင်းသားရိုးရာအဖွဲ့များအား တစ်ဖွဲ့ချင်းအလိုက် ထောက်ပံ့ငွေ ကျပ် ၂ သိန်းနှင့် Mask ၁၂ ဗူးစီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - သန်းလွင်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment