နေပြည်တော်၊ နိုဝင်ဘာ ၁၁
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး(၃/၂၀၂၁)ကို ယမန်နေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်လင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင် များဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တကွ အမျိုးသားအဆင့်ကော်မတီဝင် သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့် အမှာစကားပြောကြားရာတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြထားရှိရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် အကြောင်းပြန်ကြားခဲ့ပြီး လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီက သဘောတူခွင့်ပြုသဖြင့် စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထိုအတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်သည့်နေ့ကစ၍ တစ်နှစ်တိတိ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတိုကဏ္ဍအလိုက် အကောင်အထည် ဖော်ရမည့် လုပ်ငန်းများရှိသကဲ့သို ဌာနများပေါင်းစပ်ညှိနှိင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအား ပူးပေါင်းဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းပြီး ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းရပ်များအပေါ် အကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည် ဖော်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲအစည်း များအနေဖြင့် လုပ်ငန်းစီမံချက်ပါ အကောင်အထည်ဖော်မှုများအား အမျိုးသားအဆင့် ကော်မတီသို့(၃)လတစ်ကြိမ် အစီရင်ခံစာတင်ပြနိုင်ရေး၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် UNသို့ အသိပေးမှုများဆောင်ရွက်နိုင်ရေး၊ တိုင်ကြားမှုနည်းလမ်းများကို ပြည်သူလူထုသို ထိရောက်စွာ အသိပေးနိုင်ရေး၊ တိုင်ကြားမှုယန္တရားနှင့်ပတ်သက်၍ ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများသို အသိပေးနိုင်ရေး၊ လုပ်ငန်းကော်မတီအစည်းအဝေးခေါ်ယူကျင်းပရေး စသည့် ဆွေးနွေးတင်ပြမှုများအပေါ် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးအား နေ့လည် (၁၂:၃၀)နာရီတွင် ရုတ်သိမ်းခဲ့သည်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ပြီး (၁၀.၁၁.၂၀၂၁)ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment