ဖျာပုံ၊ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင် (၄)မြို့နယ် အမှုထမ်းအဆင့်ဝန်ထမ်းအသစ်လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်အေးက သင်တန်းဆင်း အမှာစကားပြောကြားရာ "ဝန်ကြီးဌာနမှ ကျင့်သုံးဆောင်ရွက် လျက်ရှိသောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဌာနလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး၊ အမိန့်နာခံ တတ်စေရန်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်တတ်စေရန်နှင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင် နိုင်သောဝန်ထမ်းများဖြစ်စေလိုကြောင်းပြောကြားသည်။
ထိုနောက် ဖျာပုံခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝေက မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး၊ သင်တန်းနည်းပြများအဖြစ်ပါဝင်ကူညီပေးကြသော ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်မီးသတ် ဦးစီးဌာနရုံးသို့ ထောက်ပံ့ငွေများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးက ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သတင်း - အောင်ဝင်းနိုင်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment