မြဝတီ၊ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ပန်းခင်းစီမံချက်ဖြင့် ရက် ပေါင်း (၁၈၀) အတွင်း အချိန်မီပြီးစီး နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မြန်ပြီးစီးနိုင်ရေးဆောင်ရွက် ရန်ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှဒုတိယ ညွှန်ကြားရေးမှူး ဦးရဲဇင်လတ်က ပန်းခင်းစီမံ ချက်ဖြင့် ၂၀၂၁ခုနှစ်ဇွန်လမှဒီဇင်ဘာလအထိ ရက်ပေါင်း (၁၈၀)အတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ လုပ်ငန်းအား လုံး၏ ၄၄.၄၆ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်လုပ်ငန်းဖြင့် လုပ်ငန်းများ ဆောင်ရွက် ရာတွင် လူဝင်မှုပုံစံ(၄)မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အိမ်ထောင်စုလူဦးရေ နှင့်သန်ခေါင်စာရင်း ကောက်ခံရာတွင် အသက်(၁၈)နှစ်ပြည့်သူများကို အချက်အလက်မှန် ကန်စေရေး အသေးစိတ် စီစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ရပ်ကွက်/ ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းအချက်အလက်မှန်ကန်စေရန် ဆောင် ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားပြီး ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံး အတွင်းရေးမှူးဦးလင်းနိုင်စိုးက အခြေခံမဲဆန္ဒရှင်စာရင်းအသေးစိတ်အချက်အလက်များပြုစု ထားရှိမှု အခြေ နေများကိုလည်း တင်ပြဆွေးနွေးသည်။
အစည်းအဝေးသို့ တတ်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့လုပ်ဆောင်ရ မည့်လုပ်ငန်း များအပေါ် ပြန်လည်ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူမှလည်းပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်း - မန်းသန်းရွှေမြင့်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment