မိုင်းယန်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မိုင်းယန်း၊ နိုဝင်ဘာ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မွန်ကဲ ရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဋ္ဌ ဦးအောင်ဇင်ဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်နှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမူရေးအသင်းအဖွဲ့များက အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ စာရင်းသွင်း ပြုစု၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဆေးထိုးပြီး ကျောင်းသား၊ ကျောင်းသူများကို သီးခြားနားနေခန်းတွင် နာရီဝက်အကြာနေပြီးမှ ပြန်လည်စေလွတ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်အတွင်း မြို့ပေါ်နှင့်ကျေးရွာအုပ်စုများရှိ ခြေခံပညာကျောင်းများမှ အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်ရက်အလိုက် ဆေးထိုးစုရပ် အသီးသီးတွင် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။

သတင်း - ထွန်းထွန်းထူး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)