ဇီးကုန်း၊ နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် Phase-3 ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော သာသနာ့နွယ်ဝင်များ၊ ပြည်သူများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ကို အမှတ်(၄)ရပ်ကွက် မြို့လယ်သံဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ဇီးကုန်းမြို့နယ်တွင် ဦးတည်အုပ်စု (၂၄)အုပ်စုသတ်မှတ်၍ မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု (၁၂)အုပ်တို့စုမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသောပြည်သူ(၁၇၅၆)ဦးအား မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာလေးခုခွဲ၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက် ရှိသည်။ ဇီးကုန်းမြို့နယ်တွင် ပြည်သူစုစုပေါင်း (၂၀၃၄၅)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့်အဝ ထိုးနှံပြီးစီးပြီဖြစ်ကြောင်းနှင့် ယနေ့တွင် Phase-3 ၌ ပထမအကြိမ် ထိုးနှံပြီးသော ပြည်သူ(၁၇၅၆)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ ပြည်သူများကို နောက်ရက်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - တင့်ဆွေ(ပြန်ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment