မိုးကောင်း၊ နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်၁၉ကာကွယ်ဆေး တစ်ကြိမ်မှတစ်ခါမှ မထိုးရသေးသည့် အသက် ၁၈ နှစ်အထက်ပြည်သူများကို ယနေ့ နံနက် ၉ နာရီမှညနေ ၃ နာရီထိ အထက၂ ကျောင်း၌ Sinopharm Phase 4 first doses ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့်စနစ်တကျစာရင်းရေးသွင်းခြင်းများဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များပေါင်းစပ်ဆောင်ရွက် ကြောင်းသိရသည်။
မိုးကောင်းမြို့နယ်အနေဖြင့် phase 4 first dosesအကြိမ်တွင် ၅ ယောက်ထိုးဆေးလုံးရေ ၄၀၀၀ လုံးရရှိပြီး လူဦးရေ ၂၀၀၀၀ ဆက်လက်ထိုးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - သန်းလွင်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment