တနင်္သာရီ၊ နိုဝင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်၊ မြစ်ရေကြီး မှုဖြစ်စဉ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးပြီး ပြန်လည်စိုက်ပျိုးသော တောင်သူပေါင်း(၂၉၀)ဦး၏ ပျက်စီးဧကပေါင်း(၈၁၉)ဧကအတွက် နိုင်ငံတော် အစီအမံဖြင့် ယူရီးယားဓာတ်မြေဩဇာ (၈၀၀) အိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြိတ်ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မိတ်ဘက်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ တာဝန်ရှိသူများ၊ ဆင်ခြေဖုန်းကျေးရွာ၊ အရှေ့မော်တုန်းကျေးရွာ၊ အနောက်မော်တုန်း ကျေးရွာ၊ ပဝကျေးရွာ၊ သာရဖုံကျေးရွာ၊ ဇဝဲကျေးရွာ၊ ကျောက်တလုံး ကျေးရွာ၊ သာရဘွင်ကျေးရွာနှင့် တမုတ်ချုန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြကြောင်းသိရှိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုငက နိုင်ငံတော်မှဓာမြေဩဇာထောက် ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော်ကျော်ခေါင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်တို့က တောင်သူများတစ်ဦးချင်းအလိုက် ဓာတ်မြေဩဇာ ထောက်ပံ့ပေး အပ်ရခြင်းအား ရှင်းလင်းပြောကြားသည်။
ယင်းနောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး(ကိုယ်စား) ရဲအုပ်နိုင်စိုးဦး၊ မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဦးမင်းမင်းထွန်း၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးရဲလှဝင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်တို့က တောင်သူ (၂၉၀) ဦးအတွက် (ယူရီးယား)ဓာတ်မြေဩဇာ အိတ်(၈၀၀)အား ထောက်ပံ့ပေးအပ်ကြရာ တောင်သူများ၏ကိုယ်စား တမုတ်ချုန်းကျေးရွာမှ တောင်သူဦးလှဌေးက ကျေးဇူးစကား ပြန်လည် ပြောကြားကာ အခမ်းအနားကို နံနက်(၁၀)နာရီခွဲအချိန်တွင် ပြီးမြောက်ကြောင်း သိရသည်။
သတင်း - နန်းသာရီထိန်ဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment