ကျောက်တော်၊ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့တွင် အသက်(၃၅)နှစ်အထက် မြို့ပေါ်ရပ်ကွက် နေပြည်သူများနှင့် ကျေးလက်နေပြည်သူများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ လူနာနားနေဆောင်နေရာ၌ Sinovac ကိုဗစ်ကာကွယ်ဆေးများ ဒုတိယ အကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးရာတွင် ကျောက်တော် မြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အသက်(၃၅)နှစ်အထက် ပြည်သူများကို (Sinopharm) ကိုဗစ် ကာကွယ်ဆေးများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။ ထိုသို့ ကာကွယ်ဆေး များ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ၌ ကာကွယ်ဆေးလာရောက် ဆေးထိုးနှံကြသူများ အား ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူ ချိန် တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်း တာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်လိုအပ်ချက် ပြည့်ဝမှု ရှိ/မရှိ တိုင်းတာပေးခြင်း၊ သွေးတိုး/ဆီးချိုရောဂါ ရှိ/မရှိတိုင်းတာပေးခြင်းနှင့် ပုံမှန်အနေ အထားရောက်ရှိမှသာ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီး သူများကို မိနစ် ၃၀ ခန့်အနားယူစေခြင်းများအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေး လာရောက်ထိုးနှံပြီးသူများအား ဆေးထိုးနှံပြီး ကြောင်းလက်မှတ်များ တစ်ပါတည်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သတင်း - တင်လှိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment