တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (တံခွန်စိုက်)ဆုရရှိသော တနင်္သာရီမြို့နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (တံခွန်စိုက်)ဆုရရှိသော တနင်္သာရီမြို့နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြှင့်


တနင်္သာရီ၊ နိုဝင်ဘာ  ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့ကြသော တနင်္သာရီမြို့နယ်ကိုယ်စားပြု အမျိုးသမီး(၂) ယောက်တွဲနှင့်(၃)ယောက်တွဲပြိုင်ပွဲဝင်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဂုဏ်ပြုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ မိတ်ဘက် ဌာနဆိုင်ရာဦးစီးမှူးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပပထွန်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က တံခွန်စိုက်ဒိုင်းဆု(၂)ဆု ရရှိအောင် စွမ်းဆောင်ခဲ့သော မြို့နယ်ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုဝမ်းမြောက် အားပေးစကား ပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့မှဂုဏ်ပြုငွေ(တစ်သိန်း)ကျပ်ကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့်အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်က လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်က (၅၀,၀၀၀) ကျပ်ကိုလည်းကောင်း ပေါင်း(၁၅၀,၀၀၀)ကျပ်အား ချီးမြှင့် ပေးအပ်ရာ အသင်းခေါင်းဆောင် ဦးထွန်းလင်းနိုင်က လက်ခံရှိယူကြောင်း သိရှိရသည်။

သတင်း - နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)