ကျိုက်လတ်မြို့နယ် ကွန်ပလိုင်းရွာသစ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၀)ခုအား နေ့ချင်းပြီး ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့နယ် ကွန်ပလိုင်းရွာသစ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၀)ခုအား နေ့ချင်းပြီး ဆောင်ရွက်ပေး

 


ကျိုက်လတ်၊ နိုဝင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွန်ပလိုင်းရွာသစ်ကျေးရွာရှိ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ပြုလုပ် ဆောင်ရွက်ပေးခဲ့ရာ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား(၁)၊ မ(၁)ဦး ပေါင်း(၂)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကျား(၅)ဦး၊ မ(၇)ဦး ပေါင်း(၁၂)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၁၅)ဦး မ(၉)ဦး ပေါင်း(၂၄)ဦး၊နှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု ကျား(၇)မ(၁၅)ဦး ပေါင်း(၂၁)ဦး၊ စုစုပေါင်း ကျား(၂၈)ဦး၊ မ(၃၂)ဦး စုစုပေါင်း(၆၀)ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျိုက်လတ်မြို့နယ် ကျုံဖားရေကျော်ကျေးရွာအုပ်စုတွင် (၆၃)ဦး၊ ငွေအင်းစုကျေးရွာအုပ်စုတွင် (၈၇)ဦးတို့တွင်လည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဌေးဌေးလှိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)