ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ထန်းတပင်၊ နိုဝင်ဘာ   ၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က ဒိတ်ကုန်း ကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာ အုပ်စုနှင့် ရေဖြူကျေးရွာအုပ်စုတို့ရှိ ကျေးရွာနေပြည်သူ (၂၃၁)ဦး တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် ဝန်ထမ်းများက ဒိတ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူ (၄၇)ဦး၊ ဒေါင့်ကြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူ (၆၀) ဦးနှင့် ရေဖြူကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာနေ ပြည်သူ(၁၂၄)ဦး စုစုပေါင်း ကျေးရွာနေပြည်သူ (၂၃၁) ဦးတို့အား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက်လည်း ပန်းခင်းစီမံချက် မြေစိုက်ပိုစတာ စိုက်ထူမှုများကို လူအသွားအလာများပြားသည့် နေရာ (၅)ခု တို့တွင် တာဝန်ရှိသူများက စိုက်ထူထားပြီးဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ဇင်မင်းထိုက် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)