သီပေါ၊ နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်း အဖွဲ့များ ပါဝင်သည့် ပူးပေါင်း အဖွဲ့တို့သည် Pilot Project အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ၊ ဈေးရောင်းချသူများ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သီပေါမြို့၊ ရေဟော်ကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော ရဟန်း၊ သာမဏေ စုစုပေါင်း (၉၇)ပါးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရကြောင်း နှင့် ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရန်လိုအပ်သော ရပ်ကွက်၊ ကျေးရွာ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ခင်လေး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment