ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့)၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့)၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


ကျိုင်းတုံ၊ နိုဝင်ဘာ   ၂၇

ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့)၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က (၅)နှစ် စီမံကိန်းရည်မှန်းချက်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးနှင့် ပြည်သူအားလုံးရရှိ ခံစားနိုင်မည့် တိုးတက်မှုများဖြစ်ပေါ်လာစေရေး၊ ကဏ္ဍစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းစဉ်းစားရမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့) အတွင်းရေးမှူး ဦးအောင်ကျော်ဦးက ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ ခုနှစ် စီမံကိန်း စည်းမျဉ်း၊ စည်းကမ်း ဆိုင်ရာများနှင့် စီမံကိန်းများဆောင်ရွက်ရာတွင် လုပ်ငန်း၏ အကျိုးအမြတ်၊ ပြန်ရရှိချက်၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှုရှိစေရေး စိစစ်ဆောင်ရွက်ရန် ပြောကြားပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (ရှမ်းအရှေ့)အဖွဲ့ဝင်များနှင့် ခရိုင်များအတွင်းရေးမှူးများ၊ ဌာနဆိုင်ရာများက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးမှုကို အထောက်အကူ ပြုစေရေး ဒေသန္တရစီမံကိန်းများ၊ ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ လမ်း/တံတားဆောက်အဦ၊ ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုစသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဆီလျော်သည့် လုပ်ငန်းအစီအမံများ ထည့်သွင်းဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြရာ ပြည်နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

သတင်း - အောင်ဇင်မြင့်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)