NLD,CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက် မိစ္ဆာတွေနဲ့ တသားတည်းရပ်တည်ပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေလုပ်ဆောင်နေတဲ့ သတင်းဌာနတွေကို ပြည်သူအများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now, BBC, VOA, RFA အစရှိတဲ့ သတင်းဌာနကြီးတွေနဲ့ ပြည်တွင်းမှာ သူတို့ရဲ့ အစွယ်အပွား သတင်းဌာနတွေ ရှိနေပါတယ်။
ဒီကနေ့တော့ အကြမ်းဖက်လှုံ့ဆော်သတင်းဌာနတစ်ခုဖြစ်တဲ့ RFA သတင်းဌာနမှာ “နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နှိပ်စက်ခံရတဲ့ဒဏ်ကြောင့် စိတ်ပညာရှင်တွေနဲ့ ကုသဖို့လို” ဆိုတဲ့ သတင်းခေါင်းစဉ်တပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပြုထားသူတစ်ဦးကို မေးမြန်းဖော်ပြထားတာကို တွေ့ရပါတယ်။
RFA ရဲ့ အာဘော်မှာတော့ “ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံရတဲ့သူတွေဟာ လူမဆန်အောင် နှိပ်စက်ညှဉ်းပန်း ခံရတဲ့ဒဏ်တွေကြောင့် အကျဉ်းစခန်းတွေ၊ ထောင်တွေ၊ အချုပ်ခန်းတွေက ပြန်လွတ်လာပေမယ့် စိုးရိမ်ကြောင့် ကျမှုတွေနဲ့ ခြောက်ခြားပြီး အနည်းနဲ့အများဆိုသလို စိတ်ဒဏ်ရာတွေရလာတယ်လို့ ပြန်လည်လွတ်မြောက်လာသူ တချို့က RFA ကို ပြောပါတယ်။” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
တကယ်တန်း မြန်မာနိုင်ငံအတွင်းမှာ လူမဆန်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတဲ့ NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာဝါဒီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုတော့ ဒီသတင်းဌာနတွေက ဘယ်တုန်းကမှ ဝေဖန်ထောင်ပြခဲ့တာမျိုး မရှိပါဘူး။
သူတို့ရဲ့ သတင်းဖော်ပြချက်မှာ “ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက် ၂၀ အရွယ် ကိုသော်ဟာ သပိတ်စစ်ကြောင်းတွေမှာပါဝင်ရင်း မတ်လ ၃ ရက် နေ့က ဖမ်းဆီးခံရပြီး မတ်လ ၂၄ ရက်နေ့က ပြန်လွတ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နေပြည်တော်က အိမ်မှာ ဒုတိယ အကြိမ် ဖမ်းဆီးခံရပြီးတဲ့နောက် ရာဇသတ်ကြီး ပုဒ်မ- ၅၀၅ (က) နဲ့ တရားစွဲခံရပြီး အောက်တိုဘာလ ၁၉ ရက် နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ သူကြုံခဲ့တာနဲ့ ပတ်သက်လို့ အခုလိုပြောပြပါတယ်။” လို့ ရေးသားထားပါတယ်။
နစက အစိုးရဟာ မဲလိမ်မဲခိုးအစိုးရထက်တော့ ပြည်သူအပေါ်မှာ သက်ညှာတယ်ဆိုတာကို အထင်အရှား မြင်တွေ့ရပါလိမ့်မယ်။ မဲလိမ်မဲခိုး NLD အစိုးရဟာ အပြစ်မရှိတဲ့သူကိုတောင် ၁၂၄(က) တပ်ပြီး ထောင်ထဲ ထည့်ခဲ့တဲ့ မိစ္ဆာဝါဒီအစိုးရ ဖြစ်ပါတယ်။ နစက အစိုးရအနေနဲ့တော့ အစွန်းရောက် အကြမ်းဖက် NLD, PDF တွေအပေါ် လွန်စွာသက်ညှာလွန်းလို့ ဝေဖန်ခံနေရတဲ့ အစိုးရဖြစ်ပါတယ်။
RFA မှာ အင်တာဗျူးဖြေတဲ့ ကောင်က "အင်္ကျီကို ဆွဲဖြဲတယ်။ အောက်ကပါတဲ့ အင်္ကျီကိုပါ ဆွဲဖြဲပြီးတော့ သူတို့ပါလာတဲ့တုတ်တွေနဲ့ ရင်ဘတ်တွေ လက်တွေကို ရိုက်တယ်။ မျက်နှာက အုပ်ထားတော့ မျက်နှာကိုတောက်လျောက် ၁၅ ယောက်လောက် ရှိမယ် အကုန်လုံးဝိုင်းရိုက်ကြတယ်။ ဂုတ်တွေကိုဖြတ်ကန်တယ်။ ကျောတွေကို ဖြတ်ကန်တယ်။ လူတစ် ကိုယ်လုံးကို ရစရာမရှိအောင်ကန်တယ်။ ဘာမှမမစစ်ရသေးဘူး။ ဘာမှန်းကိုမသိသေးဘူး၊ ရောက်တာနဲ့ တန်းလုပ်တာ။ ပြီးတော့ နောက်ရက်တွေကျတော့ ကျနော်တို့နဲ့ ပတ်သက်တဲ့သူတွေ ဘယ်သူတွေရှိလဲ မေးတယ်။ ကျနော်တို့နဲ့ မဆိုင်တဲ့လင့်တွေကိုလည်း ဆွဲချိတ်ပြီးတော့ ဝန်ခံခိုင်းတာတွေလည်းရှိတယ်။ ပြီးတော့ ထောင်ထဲရောက်တဲ့အချိန်မှာ တချို့လူတွေဆို လည်ပင်းကိုဓါးတွေနဲ့ လှီးထားတာ အကြောင်း လိုက်ပဲ။ ထောင်ထဲရောက်တာ တစ်လကြာနေပြီပြောတယ်။ ဒါပေမဲ့ အကြောင်းလိုက်ကြီးတွေဖြစ်နေတာ။ ထောင်ထဲကျတော့ ဆေးလည်း မပေးဘူးလေ။ ကျနော်က အဲလောက်ထိ ဆိုးဆိုးရွားရွားမခံစားရပေမယ့် တော်တော်လေးခံစားခဲ့ရပါတယ်"
အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် အုပ်စုဖွဲ့ပြီး အနိုင်ကျင့်စော်ကားခဲ့စဉ်ကတော့ လူမဆန်စွာ လုပ်ခဲ့တဲ့ NLD, PDF အစွန်းရောက် အကြမ်းဖက်သမားတစ်ဦးအတွက် တူသောအကျိုးပေးတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
အကြမ်းဖက်လှုံ့ဆော် RFA သတင်းဌာနရဲ့ ဖော်ပြချက်မှာ “ရန်ကုန်မြို့က အသက် ၂၄ နှစ်အရွယ် မယဉ်ယဉ်ဟာလည်း ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ သပိတ်စစ်ကြောင်း မှာပါဝင်ရင် ဖမ်းဆီးခံခဲ့ရသူပါ။ သူ့ကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ အင်းစိန်ထောင် အတွင်းမှာ ထိန်းသိမ်းခဲ့ပြီးနောက် အောက်တိုဘာလ ၁၉ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ သူဟာ ထောင်ကပြန်လွတ်လာပေမဲ့ စစ်ကြောရေးစခန်းမှာ ရခဲ့တဲ့အတွေ့အကြုံတွေကြောင့် အပြင်လောက ပြန်ရောက်လာပေမယ့် ပြန်အဖမ်းခံရမလားဆိုတဲ့သောကနဲ့ နေထိုင်ရတယ်လို့ ပြောပြပါတယ်။” ဆိုပြီး ဖော်ပြထားပါသေးတယ်။
NLD, PDF အစွန်းရောက် အကြမ်းဖက်သမားတိုင်းဟာ သူတပါးအပေါ် ရန်လိုအမုန်းပွား ရက်ရက်စက်စက် ပြုမူခဲ့ကြစဉ်က မိမိတို့ရဲ့ လုပ်ရပ်တွေအပေါ် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ လုပ်ခဲ့ကြသူတွေပါ။ ယောက်ျား၊ မိန်းမ အားလုံးဟာ NLD မဟုတ်တဲ့ အခြားသော ပြည်သူတွေအပေါ် နိုင်လိုမင်းထက် စော်ကားရတော့မယ်ဆိုရင် လူစိတ်မရှိတော့တဲ့ အခြေအနေမျိုး မြင်တွေ့ခဲ့ရပါတယ်။ အခုမှ နောင်ကျင်သွားတဲ့ သဘောမျိုးပါ။
“ထောင်ထဲက ထွက်လာတဲ့အခါဖြစ်တော့ ဟိုသွားလို့ရော လုံခြုံပါ့မလား၊ ဒီသွားရင်ရော ငါ့နောက်ကနေ ဘယ်သူတွေ လိုက်လာမလဲ။ ပြီးတော့ အခုချိန်ထိပေါ့နော် သူတို့ကပြန်လိုက်ဖမ်းတယ်ဆိုတဲ့ ကိစ္စတွေ လည်းရှိတော့ အိမ်ကိုပြန်လာဖမ်းမလား။ ဒါမဟုတ်ရင် ငါ့နာမည်ကို ဘယ်အချိန် ဝရမ်းပြန်ထုတ်မလဲဆိုတဲ့ အဲလိုမျိုးစိုးရိမ်စိတ်တွေနဲ့ နေနေရတာတော့ရှိတယ်ရှင့်။ ပြီးတော့ အိမ်ပြန်ရောက်ပြီးတဲ့အထိ လုံးလုံးလျား လျားကြီး ငါအိမ်မှာပါလားဆိုတဲ့ စိတ်ကမရသေးဘူးပေါ့နော်။ မနက်မိုးလင်းရင် အိပ်ယာနိုးမှ အမလေး တော်ပါသေးရဲ့ ဒါက ငါ့အိပ်ယာလေးဆိုပြီး စိတ်ကလေးနေနဲ့ နေရတယ်။ ညဘက်တွေဆိုလည်း အိပ်မက် မက်တုန်းပဲ။ ထောင်ထဲကနေ အပြင်ကို ပြန်မရောက်သေးဘူးပေါ့” လို့ ပြောဆိုချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
တပ်မတော်သားများဟာ အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်တဲ့ လုပ်ရပ်မျိုးမလုပ်ပါဘူး။ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်နေတဲ့ NLD, PDF အစွန်းရောက် အကြမ်းဖက်တွေအပေါ် ငဲ့ညှာပေးခဲ့တဲ့ ကာလဟာ ရှည်ကြာခဲ့ပါပြီ။ လူအသိတရား မရှိတဲ့ NLD, PDF အစွန်းရောက် အကြမ်းဖက်သမားလေးတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတောင် အလစ်အငိုက် ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်နေတဲ့ လူဆိုးသွမ်းလေးတွေ ဖြစ်လို့ NLD, PDF အကြမ်းဖက်သမားတွေကို မျက်ခြေပျက်လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အကြမ်းဖက်လှုံ့ဆော် RFA သတင်းဌာနမှာ နောက်ထပ်ဖော်ပြထားတဲ့ တစ်ဦးကတော့ ကိုသော်က တဲ့ဗျာ-
" စိတ်က ပုံမှန်မဟုတ်တော့ဘူး။ အမြဲတမ်းကြောက်လန့်နေရတယ်။ ခြောက်လှန့်နေသလိုပဲ။ ညဘက်တွေ ဆိုရင် အစားအသောက်ကောင်းကောင်းမစားနိုင်ဘူး ကောင်းကောင်းမအိပ်နိုင်ဘူး ဘယ်အချိန်များ ပြန် ရောက်လာမလဲ အဲဒီစိတ်ကြီးနဲ့ နောက်တစ်ခုက အပြင်တစ်ခါတလေ ထွက်တဲ့အခါမျိုးရှိတယ်။ လမ်းထိပ် ဈေးသွားဝယ်ဖို့တောင်မှ ကျနော့်မှာတိုင်ပတ်နေတယ်။ သွားသင့်လား မသွားသင့်လား။ သွားသင့်လား မသွားသင့်လား စဉ်းစားနေတာနဲ့တင် ဘာမှမလုပ်ဖြစ်တော့ဘူး စိတ်ပိုင်းဆိုင်ရာကတော့ ခုနပြောသလို အချိန်ပြည့်ခြောက်လှန့်နေတယ် "
တူသောအကျိုးပေးတွေကို ဘဝမကူးမီ ပြန်လည်ခံစားနေကြရတာဖြစ်ပါတယ်။ သူတစ်ပါးအပေါ် အနိုင်ကျင့် စော်ကားမှုတွေ လုပ်ခဲ့စဉ်က NLD, PDF အကြမ်းဖက်သမားတွေ ပြည်လည်သိရှိသင့်တာကတော့ ဝဋ်ဆိုတာ နောင်ဘဝမကူးဘူးဆိုတာပါပဲ။
NLD, ၈၈ တွေရဲ့ အသုံးချခံ ကျောင်းသားသမဂ္ဂအမည်ခံ အကြမ်းဖက်အုပ်စုက ကိုနန်းလင်း ဆိုသူက "စစ်ကြောရေးမှာ နှိပ်စက်ပြောဆိုတဲ့ကိစ္စတွေ လူမဆန်တဲ့ကိစ္စတွေ မိန်းကလေးတွေဆိုရင် လိင်ပိုင်းဆိုင် ရာရ အသားအရေ ထိပါးတဲ့စကားတွေ၊ ယောကျာ်းလေးတွေဆိုလည်း ကောင်မလေးနဲ့ ရိုက်ထားတဲ့ ပုံတွေတွေ့ရင်ကအစ ဒါမင်းကောင်မလေးနဲ့ နေဖူးလား ထိုင်ဖူးလား စသဖြင့် ဒီလိုမျိုးပုဂ္ဂိုလ်ရေးနဲ့ လုပ်နေတဲ့အလုပ်တွေနဲ့ ဘာမှမဆိုင်ပဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေလိုမှုနဲ့ လုပ်ဆောင်နေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရတာတွေရှိတယ်" လို့ RFA မှာ ပြောထားပါတယ်။
ကျောင်းသားသမဂ္ဂအမည်ခံ အဖွဲ့အစည်းတွေက လူငယ်လေးတွေဟာ NLD, ၈၈ က လူတွေရဲ့ လမ်းစဉ်နောက်ကို လိုက်ရင်းက ပရမ်းပတာတွေကို ဖန်တီးပြောဆိုတတ်လာကြပါတယ်။ အများပြည်သူ ကောင်းကျိုးအတွက် လုပ်ရကောင်းမှန်း မသိဘဲ NLD, ၈၈ တွေရဲ့ အသုံးချခံအဖြစ်နဲ့ ရတဲ့အထောက်အပံ့ကို ဝေမျှရယူပြီး တိုင်းဖျက်ပြည်ဖျက် အစွန်းရောက် အကြမ်းဖက်သမားလေးတွေ ဖြစ်လာကြတာကို တွေ့ရပါလိမ့်မယ်။
အကြမ်းဖက်လှုံ့ဆော် RFA ရဲ့ ရေးသားဖော်ပြချက်မှာ “ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးက အချုပ်သားနဲ့ အကျဉ်းသား ၅၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့တဲ့နောက် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီလူတွေထဲက တချို့လည်း မှားယွင်းလွှတ်မိလို့ ပြန်ဖမ်းတယ်ဆိုပြီး ထောင်တွေထဲ ပြန်ရောက်သွားတဲ့သူတွေရှိပါတယ်။” လို့ ပရမ်းပတာ ရေးထားတာကို တွေ့ရပါတယ်။
မှားယွင်းလွှတ်မိလို့ ပြန်ဖမ်းတာမျိုး မရှိဘဲ လွှတ်ပေးလိုက်တဲ့ သူတွေက အသိတရားမရှိဘဲ ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်လာလို့သာ ဖမ်းဆီးတာမျိုး ရှိပါတယ်။ NLD, ၈၈ တွေရဲ့ နိုင်ငံရေးမှိုင်းမိနေတဲ့ အစွန်းရောက် အကြမ်းဖက်သမားလေးတွေဟာ သူတို့ရဲ့ ဘဝလေးတွေကို ပြန်လည်ရှင်သန်ရပ်တည်ပါစေလို့ နိုင်ငံတော်က လွှတ်ပေးခဲ့တာတောင် အသုံးချခံ နိုင်ငံရေးနွားများအဖြစ်နဲ့ ဆူပူအကြမ်းဖက်မှုတွေမှာ ပြန်လည် ပါဝင်လုပ်ဆောင်လာကြပါတယ်။
တရားမဝင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ AAPPရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အကြမ်းဖက်လှုံ့ဆော် RFA သတင်းဌာနက “မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန်ကိုးလကျော်အတွင်း အဖမ်းခံရတဲ့သူ ဒီနေ့အချိန်မှာ ၇၁၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။
အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေ ဘယ်တော့မှ မဖော်ပြတဲ့ သတင်းတွေကတော့ NLD ပါတီရဲ့ မဲလိမ်မဲခိုး လုပ်ရပ်တွေနဲ့ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်နေတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေဟာ ကမ္ဘာ့စံချိန်တင် မဲလိမ်မဲခိုးမှုကြီးကို ကျူးလွန်ခဲ့ကြပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေရာမှာ လူဦးရေ ၁၃၈၀ ဦးအထိ သေဆုံးခဲ့ရပါတယ်။
ဒေါင်းနင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment