ကမ္ဘောဒီးယားနိုင်ငံ အန်ကောဘုရားကျောင်းဝင်းအပြင်ဘက် ပြိုလဲပျက်စီးနေသော ရှေးဟောင်း ဘုရားကျောင်းအဆောက်အအုံအား အားဖြည့်ပြုပြင်ခြင်းလုပ်ငန်း ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဘုရားကျောင်းဝင်းအပြင်ဘက် ပြိုလဲပျက်စီးနေသော ရှေးဟောင်း ဘုရားကျောင်းအဆောက်အအုံအား အားဖြည့်ပြုပြင်ခြင်းလုပ်ငန်း ပြီးစီး







ဖနွမ်းပင်၊ နိုဝင်ဘာ ၉

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဘုရားကျောင်းပုရဝဏ်အပြင်ဘက်တွင်တည်ရှိသည့် ပြိုလဲပျက်စီးနေသည့် Banteay Srey Domdek ဘုရားကျောင်း အဆောက်အအုံအား APSARA National Authority (ANA) မှ ပညာရှင်များက အောင်မြင်စွာ အားဖြည့်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ANA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ဒေသ အန်ကောဘုရားကျောင်းအပြင်ဘက် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံများ နှင့် အန်ကောသမိုင်းဝင်နေရာအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ANA က စီမံခန့်ခွဲရေး တာဝန်ရှိကြောင်း သိရသည်။ 

လုပ်ငန်းခွင် တာဝန်ခံ Puth Soth က အားဖြည့်ပြုပြင်ဆောင်ရွက်ခြင်းသည် ရှေးဟောင်းဘုရားကျောင်းအား နောက်ထပ်အန္တရာယ်များမှ ကာကွယ်ရန် အစီအမံတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Banteay Srey Domdek ဘုရားကျောင်း၏ လက်ရှိအခြေအနေသည် အလွန်ယိုယွင်းနေကြောင်း ၊ အထူးသဖြင့် ဗဟိုမျှော်စင်၏ တံခါးဘောင် နှင့် ပြတင်းပေါက်ဘောင်၌ အက်ကွဲနေကြောင်း ၊ အကယ်၍ ထိုနေရာတွင် အားဖြည့်ဆောင်ရွက်မှုမပြုလုပ်ပါက ဘုရားကျောင်းအား ဒုက္ခပေးမည့်အခြေအနေတစ်ခု ဖြစ်ပေါ်စေနိုင်ကြောင်း လုပ်ငန်းခွင် တာဝန်ခံက ပြောကြားခဲ့သည်။ 

အားဖြည့်ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းအား ဩဂုတ်လနှောင်းပိုင်းတွင် စတင်ခဲ့ကြောင်း နှင့် အောက်တိုဘာလကုန်ပိုင်းတွင် ပြီးစီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

Banteay Srey Domdek ဘုရားကျောင်းသည် အန်ကောသမိုင်းဝင်နယ်မြေ၏ အပြင်ဘက်တွင် တည်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး Siem Reap မြို့၏ အရှေ့ဘက် ၃၄ ကီလိုမီတာအကွာ Sot Nikum ခရိုင်ရှိ Banteay Srey ဘုရား၏ ဧရိယာအတွင်း တည်ရှိကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားနိုင်ငံက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် အန်ကောဘုရားကျောင်းသည် ၂၀၂၁ ခုနှစ် ၁၀လတာအတွင်း နိုင်ငံခြားသား ၇,၂၈၆ ဦး လာရောက်ခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် နှစ်အလိုက်တိုးတက်မှုနှုန်း ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

အန်ကောဝပ်ရှေးဟောင်းသုတေသနနယ်မြေသည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ လက်မှတ်ရောင်းချမှုများမှ အမေရိကန်ဒေါ်လာ ၂၉၉,၇၇၇ သာ ရရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှုနှုန်း ၉၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ 

COVID-19 ရောဂါဖြစ်ပွားမှု မတိုင်မီကာလ ၂၀၁၉ ခုနှစ်တွင် အန်ကောမြို့သည် နိုင်ငံတကာခရီးသွား ၂ ဒသမ ၂ သန်းအထိ ဆွဲဆောင်နိုင်ခဲ့ပြီး လက်မှတ်ရောင်းချမှုများမှ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။ 


Ref - (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)