တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား/ သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား/ သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ


တန့်ယန်း၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့်အထက်  ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် ကျန်ရှိနေသူများအား ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အမှတ်(၃) တပ်မတော်ဆေးရုံ(ခုတင်-၂၅)မှ ဆရာဝန်ကြီးများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်နှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက်ထိုးသည့် ကျောင်းသား/ကျောင်းသူများအား ကိုယ် အပူချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို ကူညီဆောင်ရွက်ပေးကြကာ ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေး ခဲ့ကြသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ (၂၀၈၇)ဦး စာရင်းပေးသွင်း ထားပြီး ဆေးထိုးစုရပ်(၇)နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပြီးသူ စုစုပေါင်း(၁၃၈၆)ဦးရှိကြောင်း  သိရသည်။

သတင်း - မင်းလွင်ဦး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)