ဝက်လက်မြို့နယ်၌ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀နှုန်း သက်သာသောဈေးဖြင့် ရောင်းချပေး လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝက်လက်မြို့နယ်၌ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀နှုန်း သက်သာသောဈေးဖြင့် ရောင်းချပေး လျက်ရှိ



ဝက်လက်၊ နိုဝင်ဘာ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်ဆီကုန်သည်နှင့်ဆီစက် လုပ်ငန်းရှင်များအသင်းက လူစည်ကားရာ နေရာတစ်ခုဖြစ်သော မြို့မဈေး အနီးတွင် နိုဝင်ဘာ ၃ရက်နေ့ နံနက်၆နာရီအချိန်ကစတင်ကာ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၃၉၀၀နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခုလို “ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးအ ဆင်ပြေ မှုရှိစေရေးရန် လူတစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းဖြင့် ဈေးနှုန်းမှာ ငွေကျပ် ၃၉၀၀ပြင်ပပေါက်ဈေးထက် သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ရောင်းချမှုကတော့ ပဉ္စမအကြိမ်မြောက် ဆီပိဿာပေါင်း ၁၁၀၀ရောင်းချပေးခဲ့ တာဖြစ်ကြောင်း” ဝက်လက်မြို့နယ်ဆီကုန်သည်များနှင့် ဆီစက်လုပ်ငန်း ရှင်များအသင်း၊ ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စားအုန်းဆီများ ရောင်းချ‌ပေးရာတွင်နှင့်ပတ်သတ်ပြီး  ဆီရောင်းချသူများအနေဖြင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ၊ ဆီဝယ်ယူသုံးစွဲသူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိခြင်းရှိ/မရှိကို မြို့နယ် စားသုံး သူရေးရာဦးစီးဌာန၊ တာဝန်ခံ၊ ဦးမျိုးအောင်ကဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း- မာဝင်း(ဝက်လက်)

http://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)