ကျိုက်ထိုမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေး



ကျိုက်ထို၊ နိုဝင်ဘာ ၂၅

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျောင်းသား၊ ကျောင်းသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို စုရပ် နေရာဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း၊ ကျူချောင်ကျေးရွာ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထို မြို့နယ်ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး ဦးထက်မောင်ဝင်းက အိမ်ထောင်စု လူဦးရေစာရင်းနှင နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်အတွင်းရှိ ကျောင်းများတွင် ကွင်းဆင်း ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ လာရောက်ပြုလုပ်သူ ကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ အထောက်အထား များအား စိစစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးကို ဆောင်ရွက်ပြောကြားခဲ့သည်။

ယင်းနောက် အသက်(၁၂)နှစ်အထက် ကျောင်းသူ၊ ကျောင်းသားများအား နိုင်ငံသားစိစစ်ရေးကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပြုလုပ်ပေးရာ စုရပ်နေရာဖြစ်သည့်  အခြေခံပညာ အထက်တန်းကျောင်း၊ ကျူချောင်ကျေးရွာ၌ အထက(ကျူချောင်)၊ အထက(ကင်မွန်းချောင်း)၊ အလက(ကော့ဘိန်း)၊ သရက်ကုန်း(မူလွန်)၊ ကျွန်းတော(မူလွန်)၊ သဲဖြူချောင်း(မူလွန်)၊ အောင်သိဒ္ဓိ(မူလွန်)၊ ငှက်ပျောတော(မူလွန်) ကျောင်းများ၌ ပညာသင်ကြားနေသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ကျောင်းသူ၊ ကျောင်းသားများ အခက်အခဲမရှိစေရေးအတွက် သက်ဆိုင်ရာများမှ စီစစ်၍ ကူညီ ဆောင်ရွက်ရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - သန်းသန်းမော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)